မိုက်ကယ်အက်ဒ်ဝက်ဒ် ပြန်လာသော်လည်း ယခုရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာမည့်ဆုံးဖြတ်ချက်ကို မပြင်ဟု ယာဂန်ကလော့ပ် ဆို

မိုက်ကယ်အက်ဒ်ဝက်ဒ် ပြန်လာသော်လည်း ယခုရာသီကုန်တွင် လီဗာပူးလ်မှထွက်ခွာမည့်ဆုံးဖြတ်ချက်ကို မပြင်ဟု ယာဂန်ကလော့ပ် ဆို
Photo: Getty Images
Photo: Getty Images
Published 14 March 2024

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ၎င်းနှင့်လက်တွဲညီခဲ့သည့် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်သော်လည်း ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို မပြင်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းပိုင်ရှင်များဖြစ်သည့် FSG သည် အသင်းအားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်အား ဘောလုံးအမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ကြောင်း  မတ်လ (၁၂) ရက်တွင် ကြေညာခဲ့သည်။

မိုက်ကယ်အက်ဒ်ဝက်ဒ်သည် လီဗာပူးလ်အသင်းသို့ ၂၀၁၁ ခုနှစ်က စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် လီဗာပူူးလ်အသင်းတွင် နည်းပြ ကလော့ပ်နှင့်လက်တွဲညီခဲ့ပြီး ဆာလာ၊ ဗန်ဒိုက်၊ မာနေ၊ ဖေမီနို၊ ရောဘတ်ဆန်တို့ကဲ့သို့ ကစားသမားများကို ခေါ်ယူပေးခဲ့သည်။

ယခုအခါ လီဗာပူးလ်အသင်းက မိုက်ကယ်အက်ဒ်ဝက်ဒ်ကို ပြန်လည်ခေါ်ယူခဲ့သည့်အတွက် ကလော့ပ်အနေဖြင့် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖွယ်ရှိကြောင်း ခန့်မှန်းမှုများရှိနေသည်။

သို့သော် ကလော့ပ်က ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်မဟုတ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က ''သူနဲ့ ကျွန်တော် စကားပြောပြီးပါပြီး။ ကျွန်တော်တို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အက်ဒ်ဝက်ဒ် ပြန်လာလို့ အခုရာသီကုန်မှာ အသင်းကထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို ပြင်မလားဆိုရင်တော့ မပြင်ပါဘူး။ ကျွန်တော့်အနေနဲ့ အဲဒီဆုံးဖြတ်ချက်နဲ့ စကားတွေကို သေချာစဉ်းစားပြီးမှ ပြောခဲ့တာပါ။ အက်ဒ်ဝက်ဒ် ပြန်လာတာ အသင်းအတွက်ကောင်းပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent