မန်စီးတီးနှင့်ပွဲမတိုင်မီ စွန်လွှတ်နေကြသည့် ဖူလ်ဟမ်ကစားသမားများကြောင့် ၎င်းတို့၏မျှော်လင့်ချက် ပြီးဆုံးသွားပြီဟု အာဆင်နယ်ပရိသတ်များ ညည်းတွား

မန်စီးတီးနှင့်ပွဲမတိုင်မီ စွန်လွှတ်နေကြသည့် ဖူလ်ဟမ်ကစားသမားများကြောင့် ၎င်းတို့၏မျှော်လင့်ချက် ပြီးဆုံးသွားပြီဟု အာဆင်နယ်ပရိသတ်များ ညည်းတွား
Photo : X
Photo : X
Published 9 May 2024

အာဆင်နယ်အသင်းပရိသတ်များက ယခုအပတ်တွင်  ၎င်းတို့နှင့်ပရီးမီးယားလိဂ်ချန်ပီယံလုဖက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဖူလ်ဟမ်အသင်းကစားသမားများအနေဖြင့် လေ့ကျင့်မှုမပြုလုပ်ဘဲ လေ့ကျင့်ရေးကွင်းတွင် စွန်လွှတ်နေကြသည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူ လိုသည့် ၎င်းင်းတို့၏မျှော်လင့်ချက်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူမှုကွန်ရက်များတွင် ညည်းတွားရေးသားခဲ့ကြသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) အပြီးတွင် ရမှတ် (၈၃) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့် မန်စီးတီးအသင်း (၈၂ မှတ်)ကို (၁) မှတ်ဖြတ်ထားသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် နှစ်ပေါင်း (၂၀) ကြာကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန်အတွက် လက်ကျန်ပွဲများတွင် မန်စီးတီးအသင်း အမှတ်လျော့ရန် လိုအပ်နေသည်။

မန်စီးတီးအသင်းသည်ယခုအပတ် စနေနေ့တွင် ဖူလ်ဟမ်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲတွင် မန်စီးတီးအ သင်း အမှတ်လျော့ရန် အာဆင်နယ်ပရိသတ်များက မျှော် လင့်နေကြသည်။

သို့သော် ဖူလ်ဟမ်တိုက်စစ်မှူး ဟီမင်နက်ဇ်က ၎င်း၏ Instagram တွင် လေ့ကျင့်ရေးကွင်း၌ စွန်လွှတ်နေကြသည့် အသင်းဖော် ဝီလီယံ၊ ပယ်ရဲရားနှင့် မူနော့ဇ်တို့၏ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်များက ၎င်းတို့၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရည်မှန်းချက်မှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူမှုကွန်ရက်များတွင် ရေးသားခဲ့ကြခြင်းဖြစ်သည်။

အာဆင်နယ်ပရိသတ်တစ်ဦးက "စီးတီးအမှတ်လျော့ဖို့ ကျွန်တော်တို့က ဘုရားမှာ ဆုတောင်းနေတာ။ ဖူလ်ဟမ်ကစားသမားတွေက စွန်လွှတ်နေတယ်ဗျာ" ဟု ရေးသားခဲ့ပြီး အခြားတစ်ဦးက "အာဆင်နယ်ပရိသတ်တွေရေ ... မျှော်လင့်ချက်တွေ ပြီးဆုံးသွားပါပြီ"ဟု ရေးသားခဲ့သည်။

အခြားပရိသတ်များကလည်း အာဆင်နယ်အတွက် စိတ်မကောင်းကြောင်း၊ လေ့ကျင့်ရေးကွင်း၌ စွန်လွှတ်နေသူများက အကူအညီဖြစ်မည်မဟုတ်ကြောင်း X တွင် ရေးသားခဲ့ကြသည်။ 

Most Read

Most Recent