ပရီးမီးယားလိဂ် နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 4 April 2024

လီဗာပူးလ် နှင့် ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁းဝ၀ နာရီ)

အာဆင်နယ်က လူတန်ကို အနိုင်ယူတာကတောင် ခက်ဦးမယ်။ လီဗာပူးလ်အနေနဲ့ ရှက်ဖီးယူနိုက်တက်ကို အနိုင်ယူတာက အာဆင်နယ် လွယ်ကူတာထက် ပိုလွယ်ကူမှာ သေချာတယ်။ ရှက်ဖီးယူနိုက်တက်လို အသင်းမျိုးကို အိမ်ကွင်းမှာ ကစားရမယ့် လီဗာပူးလ်ရဲ့ အနိုင်သေချာမှုက ရာနှုန်းပြည့်ပဲလို့ ပြောရမယ်။ ဘောလုံးမှာ မထင်မှတ်တာတွေ ဖြစ်တတ်ပေမယ့် ပွဲတိုင်း ဖြစ်နေတာ မဟုတ်သလို ဒီလိုပွဲမျိုးမှာ ပိုပြီးတော့ မဖြစ်နိုင်ဘူး။ လီဗာပူးလ်အသင်းရဲ့ အားကောင်းတဲ့ တောင်ပံတိုက်စစ်၊ အားကောင်းတဲ့ Counter Pressing တွေက ရှက်ဖီးယူနိုက်တက်အသင်းကို ကိုယ့်ကွင်းဘက်အခြမ်းတောင် သိပ်အလာခံမှာ မဟုတ်ဘူး။ လီဗာပူးလ် ဂိုးပြတ်မယ်။ 

ချယ်လ်ဆီး နှင့် မန်ယူ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၄၅ နာရီ)

လက်ရှိအနေအထားမှာတော့ နှစ်သင်းစလုံးက ပြ ဿနာကိုယ်စီ၊ အားနည်းချက်ကိုယ်စီနဲ့အသင်းတွေဖြစ်နေတယ်။ မန်ယူနိုက်တက်အသင်းရဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲက ခြေစွမ်းက တော်တော်လေး စိတ်ပျက်စရာဖြစ်သလို၊ ဒီရာသီမှာ ဂိုးကန်သွင်းခွင့်ပေါင်းများစွာကို ခွင့်ပြုပေးထားရတဲ့ ကွင်းလယ်နဲ့ ခံစစ်ရဲ့ ပူးပေါင်းလုပ်ဆောင်ပုံကလည်း စိတ်ပျက်စရာ ဖြစ်တယ်။ ချယ်လ်ဆီးအသင်းက မန်ယူနိုက်တက်ထက်စာရင်  ကစားပုံ ပိုမာကျောတာကို တွေ့ရတယ်။ ဒါ့အပြင် ကစားသမားအင်အားချင်းယှဉ်ရင်လည်း ချယ်လ်ဆီးက မန်ယူနိုက်တက်ကို ကောင်းကောင်းယှဉ်နိုင်တယ်။ ချယ်လ်ဆီးရဲ့ အဓိကပြဿနာက ဘောလုံးကို ကောင်းကောင်းကိုင်ကစားနိုင်သလောက် အခွင့်အရေးတွေကို အသုံးချတဲ့အပိုင်းမှာ တော်တော်လေး အားနည်းနေတာဖြစ်တယ်။ နောက်ပိုင်း ၄၊ ၅ ပွဲ လောက်ကို ကြည့်ရင် ချယ်လ်ဆီးက မန်ယူနိုက်တက်ထက်  ကစားပုံ ပိုကောင်းပေမယ့် တကယ်တမ်း အမှတ်ပိုယူနိုင်တဲ့အသင်းက ယူနိုက်တက် ဖြစ်နေတာကိုလည်း တွေ့ရတယ်။ ဒီပွဲက ချယ်လ်ဆီးအတွက် အရေးမပါပေမယ့် ယူနိုက်တက်အတွက်သေရေးရှင်ရေးပါ။ ယူနိုက်တက်ကို ကြိုက်တယ်။ 

ဂရန်နာဒါ နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

အမှတ်ပေးဇယားရပ်တည်မှုရော၊ လက်ရှိစွမ်းဆောင်ရည်ပိုင်းမှာပါ ဒီနှစ်သင်းအကြား ကွာခြားချက်များပါတယ်။  တန်းဆင်းဇုန်ထဲက ဂရန်နာဒါအသင်းကတော့ လာမယ့်ရာသီမှာ ဆီဂန်ဒါကို ပြန်သွားရဖို့ ရာခိုင်နှုန်းများနေတယ်။ ဒါပေမဲ့ နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာတော့ ဂရန်နာဒါအသင်း ပိုရုန်းကန်လာတာတော့ တွေ့ရတယ်။ ဗလင်စီယာတိုက်စစ်မှာ ဟူဂိုဒူရိုနဲ့ ယာရမ်ချု့ခ် အများဆုံးတွဲကစားပေမဲ့ ပုံမှန်ဂိုးသွင်းခြေမရှိတာ သတိပြုသင့်တယ်။ ဂရန်နာဒါက လတ်တလောမှာ ဖောင်ဖျက်ကစားနေရလို့ ဗလင်စီယာကို ဒုက္ခပေးနိုင်တယ်။ အိမ်ရှင်နဲ့ပဲ စွန့်စားချင်တယ်။

Most Read

Most Recent