အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်ပွဲတွင် နှစ်သင်းစလုံးရသင့်သည့် ပယ်နယ်တီများ ငြင်းဆန်ခံရသဖြင့် ဝေဖန်မှုများရှိခဲ့

အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်ပွဲတွင် နှစ်သင်းစလုံးရသင့်သည့် ပယ်နယ်တီများ ငြင်းဆန်ခံရသဖြင့် ဝေဖန်မှုများရှိခဲ့
Photo: Getty Images
Photo: Getty Images
Published 11 April 2024

တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည့် အာဆင်နယ်-ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် နှစ်သင်းစလုံး ဒုတိယပိုင်း၌ ရသင့်သည့်ပယ်နယ်တီများ မရရှိခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရသည်။

ပွဲချိန်(၆၆)မိနစ်တွင် အာဆင်နယ်ဂိုးသမား ရာယာ ကန်လိုက်သည့် Goal Kick ကို နောက်ခံလူ ဂါဘရီယဲလ်က အမှတ်တမဲ့ လက်ဖြင့် တားခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်ကစားသမားများက ပယ်နယ်တီပေးရန် တောင်းဆိုခဲ့သော်လည်း ဒိုင်လူကြီးဖြစ်သူမှ ကလေးအမှားဟုဆိုကာ ပယ်ချခဲ့သည်။ "ကျွန်တော့်အဖို့၊ ကျွန်တော်တို့အားလုံးအဖို့ သူ(ဒိုင်လူကြီး)က လက်ထိဘောကို ပယ်နယ်တီမပေးတဲ့ ကြီးမားတဲ့အမှားကို ပြုလုပ်ခဲ့ပါတယ်။ သူဟာ လက်ထိဘောဖြစ်၊ မဖြစ်ကိုပဲ ဆုံးဖြတ်ရမှာပါ။ ကလေးအမှား၊ လူကြီးအမှား ဘာပဲဖြစ်ဖြစ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်က ကျွန်တော်တို့ကို များစွာထိခိုက်ခဲ့လို့ ဒေါသထွက်ရပါတယ်"ဟု ဘိုင်ယန်အသင်းနည်းပြ တူဟယ်လ်က ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းမှာလည်း နာကျင်အချိန်ပိုတွင်  ဆာကာ ပယ်နယ်တီဧရိယာအတွင်း ဆွဲဝင်လာမှုကို ဘိုင်ယန်ဂိုးသမား နော်ယာ ဟန့်တားမှုက ပယ်နယ်တီရသင့်သော်လည်း ဒိုင်လူကြီးဖြစ်သူမှ ငြင်းဆန်ခဲ့သည်။

အာဆင်နယ်အသင်းနည်းပြဖြစ်သူ အာတီတာက "ကျွန်တော် ဒီအဖြစ်အပျက်ကို မမြင်ခဲ့ပါဘူး။ ဆုံးဖြတ်ချက်က ချပြီးသွားပြီ။ ကျွန်တော်တို့ ဒါကို မပြောင်းလဲနိုင်တော့ပါဘူး" ဟု မှတ်ချက်ပြုခဲ့သည်။

အာဆင်နယ်အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့သူ ထရိုဆတ်ဒ်ကမူ ယင်းမှာ ရှင်းရှင်းလင်းလင်းထိခဲ့ပြီး ပယ်နယ်တီပေးသင့်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent