လျှပ်စစ်မီး ပြတ်တောက်မှု၊ အပူချိန် မြင့်တက်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ မွန် အစရှိသည့် ဒေသအချို့တွင် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်

လျှပ်စစ်မီး ပြတ်တောက်မှု၊ အပူချိန် မြင့်တက်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ မွန် အစရှိသည့် ဒေသအချို့တွင် သောက်သုံးရေအခက်အခဲများဖြစ်ပေါ်
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသူများကို မီးသတ်တပ်ဖွဲ့က လှူဒါန်းနေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသူများကို မီးသတ်တပ်ဖွဲ့က လှူဒါန်းနေစဉ် (ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)
Published 3 May 2024

လျှပ်စစ်မီးပြတ်တောက်မှု၊ အပူချိန်မြင့် တက်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ မွန် အစရှိသည့်ဒေသအချို့တွင် သောက်သုံး ရေ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် လျှပ် စစ်မီး ပြတ်တောက်မှုများကြောင့် အထပ်မြင့် တိုက်များတွင် သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် လူမှုကူညီရေးအသင်းများထံ အကူအညီတောင်းခံနေရသည်ဟု ရန်ကုန်မြို့ တွင် နေထိုင်သူများမှ သိရသည်။

“မီးလာတဲ့အချိန်က ခဏလောက်ပဲဖြစ် နေတော့ သုံးဖို့အတွက် ရေမရှိဘူး။ မီးလာလို့ ရေတင်မယ်လုပ်တိုင်း မီးကပြန်ပြတ်သွားတော့ အောက်ကရေက အပေါ်တောင် မရောက် တော့ဘူး။ ပိုက်လုံးထဲကကို မထွက်နိုင်ဘူးဖြစ် နေတယ်။ တိုက်မှာက အခန်း ၁၂ ခန်းရှိတော့ တိုက်မှာနေတဲ့သူတွေစုပြီး လူမှုကူညီရေးအ သင်းတွေကို အကူအညီတောင်းရတယ်။ ဆီဖိုး တော့ ပေးရတာပေါ့” ဟု ရန်ကုန်မြို့ စမ်း ချောင်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

အထပ်မြင့်တိုက်များရှိသည့် စမ်းချောင်း၊ တာမွေ၊ သာကေတ၊ လှိုင်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ အစရှိသည့် မြို့နယ်များတွင် လည်း ယင်းသို့ဖြစ်ပွားလျက်ရှိကြောင်း အဆို ပါမြို့နယ်များတွင် နေထိုင်သူအချို့ထံမှ သိရ သည်။

“မီးမမှန်တော့ ရေပြတ်၊ နေပြင်းတော့ အဝီစိရေတွေခန်း၊ ရေပြတ်လို့ အကူအညီ တောင်းလာကြတဲ့ဖုန်းတွေ တောက်လျှောက် ဝင်တယ်” ဟု လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထား သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ မွန်ပြည်နယ် ရှိ ကျိုက်ထို၊ ချောင်းဆုံမြို့နယ်များရှိ ကျေးရွာ အချို့တွင်လည်း သောက်သုံးရေပြတ်လပ်မှု ကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အကူ အညီပေးနေရသည်ဟု မီးသတ်တပ်ဖွဲ့၏ထုတ် ပြန်ချက်များအရ သိရသည်။

မေ ၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေလိုအပ် လျက်ရှိသော တောင်ဇင်းနယ်မြေ၊ ငါ့လင်းပုတ် ကျေးရွာသို့ ရေဂါလန် ၁၆၀၀ ခန့်ကိုလည်း ကောင်း၊ ငါ့သရောက်နယ်မြေ၊ ရွှေလက်ပျံရပ် ကွက်သို့ ရေဂါလန် ၄၈၀၀ ခန့်လည်းကောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သွားရောက်လှူ ဒါန်းခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ နယ်တွင် သောက်သုံးရေလိုအပ်လျက်ရှိသော သူဌေးကုန်းရပ်ကွက်၊ တပ်ပိုးရပ်သို့ ရေနံ ချောင်းမြို့နယ်မီးသတ်စခန်းက ရေဂါလန် ၄၈၀၀ သွားရောက်လှူဒါန်းခဲ့သည်ဟု မီးသတ် တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့ နယ်၊ ကော့မုပွန်ကျေးရွာ၊ ဒေါင်းရပ်အနောက် ကျေးရွာ၊ ကွမ်ရိုက်ကျေးရွာများသို့ မော်လမြိုင် မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် သုံးစီး၊ ချောင်းဆုံမြို့နယ်မီးသတ်စခန်းမှ ရေသယ် ယာဉ်နှစ်စီး၊ ချောင်းဆုံကြက်ခြေနီမှ ရေသယ် ယာဉ်တစ်စီး၊ ပရဟိတအသင်းများမှ ရေသယ် ယာဉ်ငါးစီးတို့ဖြင် ရေသန့် ၂၀ လီတာ  ၂၀၀ ဘူးနှင့် ရေဂါလန် ၁၇၃၅၀ သွားရောက်လှူ ဒါန်းခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဆုံမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများလည်းရှိသဖြင့် သောက်သုံးရေ လိုအပ်ချက်များ ရှိနေသည်ဟု မော်လမြိုင် မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

“ချောင်းဆုံမြို့နယ်ထဲက ဘုန်းတော်ကြီး ကျောင်းတွေမှာက စစ်ဘေးရှောင်ပြည်သူတွေ လည်းရှိနေတော့ သောက်သုံးရေလိုအပ်ချက် တွေက ရှိနေတယ်။ အဲဒီအတွက် သောက်သုံး ရေတွေကို သွားရောက်ပြီး နှစ်ရက်တစ်ကြိမ် လောက်ပုံမှန်သွားလှူပေးနေကြပါတယ်” ဟု မော်လမြိုင်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအ ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent