တစ်ယူသန် ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ဝါဒီများကို သေဒဏ်ပေးမည်ဟု တရုတ် ခြိမ်းခြောက်

တစ်ယူသန် ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ဝါဒီများကို သေဒဏ်ပေးမည်ဟု တရုတ် ခြိမ်းခြောက်
ပုံစာ- ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်အားတွေ့ရစဉ် (Photos- AFP)
ပုံစာ- ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်အားတွေ့ရစဉ် (Photos- AFP)
Published 21 June 2024
Ref:Reuters

တစ်ယူသန် ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ဝါဒီများအတွက် အစွန်းရောက်သည့် တရားရေးဆိုင်ရာ အမှုများတွင် သေဒဏ် ချမှတ်မည်ဖြစ်ကြောင်း တရုတ်က ဇွန် ၂၁ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

ထိုင်ဝမ်အပေါ် တရုတ် တရားရုံးများအနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိသည့်တိုင် ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ် လာပါက အင်အားသုံး သိမ်းယူမည်ဟု ကြေညာထားသည်။

ပြီးခဲ့သည့်လကလည်း ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပိုင်းအကြာတွင် တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကာ ထိုင်ဝမ်အပေါ် စစ်ရေး ဖိအားများ တိုးမြှင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်သမ္မတသစ် လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

 

 

Most Recent