၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်
Published 9 May 2024

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဇွန် ၃ ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းမဖွင့်မီ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ခဲ့ကာ မေ ၂၃ ရက်တွင် အခြေခံပညာကျောင်းများ စတင်အပ်နှံခဲ့ကြကြောင်း၊ ယင်းပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 အတန်းများကို သင်ရိုးသစ်ဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး သင်ကြားပေးမည့် ဆရာ၊ဆရာများကို ဗဟိုအဆင့်သင်တန်းမှ ဆင့်ပွားသင်တန်း၊ ထပ်ဆင့်ဆင့်ပွားသင်တန်းများ ပေးထားကြောင်း သိရသည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် မေ ၂၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၃၄၃၀၃၇ ဦးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent