ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်ရှာဖွေမှု အဆင်မပြေသေးဘဲ နောက်ဆုံးကမ်းလှမ်းခဲ့သည့် ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ကလည်း ငြင်းပယ်ခဲ့

ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်ရှာဖွေမှု အဆင်မပြေသေးဘဲ နောက်ဆုံးကမ်းလှမ်းခဲ့သည့် ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ကလည်း ငြင်းပယ်ခဲ့
Photo: Getty Images
Photo: Getty Images
Published 20 May 2024

ဘိုင်ယန်မြူးနစ်အသင်းသည် သောမတ်စ်တူဟယ်လ်နေရာ အစားထိုးရန် နည်းပြသစ်ရှာဖွေနေရာ လက်ရှိအချိန်အထိ အဆင်မပြေသေးဘဲ နောက်ဆုံးကမ်းလှမ်းခဲ့သည့် ဘင်ဖီကာနည်းပြ ရော်ဂျာရှမစ်ကလည်း ငြင်းပယ်ခဲ့ကြောင်း သိရသည်။

ဂျာမန်နည်းပြ သောမတ်စ်တူဟယ်လ်သည် ရလဒ်များ ကျဆင်းခဲ့မှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ရာသီကုန်၌ အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယင်းအချိန်ကတည်းက နည်းပြသစ်ကို စတင်ရှာဖွေခဲ့သော်လည်း ရာသီပြီးဆုံးချိန်ရောက်သည်အထိ မအောင်မြင်ခဲ့ပေ။

၎င်းတို့သည် လေဗာကူဆင်အသင်း၌ စွမ်းဆောင်ရည်ကောင်းပြသနေသည့် စပိန်နည်းပြ ရှာဘီအလွန်ဆိုကို နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ခဲ့သော်လည်း အလွန်ဆိုက လေဗာကူဆင်အသင်းတွင်သာ ဆက်ရှိရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် အခြားနည်းပြများကို ထပ်မံကြိုးပမ်းခဲ့ရပြီး ရန်းညက်၊ နာဂယ်စ်မန်းတို့အား ကြိုးပမ်းမှု ငြင်းပယ်ခံခဲ့ရသလို၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာအတွက်လည်း လျော်ကြေး ယူရိုသန်း (၁၀၀)တောင်းသည့်အတွက် လက်လျှော့ခဲ့ရသည်။

နည်းပြသစ်ရှာဖွေမှု အဆင်မပြေသည့်အတွက် သောမတ်စ်တူဟယ်လ်နှင့်ပင် ပြန်လည်လက်တွဲသွားရန်အတွက် ဆွေးနွေးရာတွင်လည်း စာချုပ်သက်တမ်းညှိနှိုင်းမရသည့်အတွက် အဆင်မပြေခဲ့ပြန်ကြောင်း သိရသည်။

ထို့ ကြောင့် ပထမတစ်ကြိမ် ချဉ်းကပ်ခဲ့ဖူးသည့် ရော်ဂျာရှမစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် (၆)ကြိမ်မြောက်ငြင်းပယ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဘရိုက်တန်အသင်းနှင့် လမ်းခွဲရန် သဘောတူညီမှုရယူခဲ့သော နည်းပြ ဒီဇယ်ဘီကလည်း ခေတ္တအနားယူပြီးမှသာ အနာဂတ်အတွက် စဉ်းစားဆုံးဖြတ်မည်ဟု ပြောကြားထားကြောင်း သိရသည်။

Most Read

Most Recent