■ ဝက်ကင်းစ်ကို အခွင့်အရေးပေးသင့်သည်ဟု ဒီဖိုး ဆို

■ ဝက်ကင်းစ်ကို အခွင့်အရေးပေးသင့်သည်ဟု ဒီဖိုး ဆို
Photo: Getty Images
Photo: Getty Images
Published 28 June 2024

အင်္ဂလန်အသင်း၏ တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးက ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အင်္ဂလန်အသင်းအနေဖြင့် အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်းစ်ကို အခွင့်အရေးပေးသင့်သည်ဟု ပြောကြားခဲ့သည်။ 

ဝက်ကင်းစ်သည် ပြီးခဲ့သည့်ရာသီက အက်စတွန်ဗီလာအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

သို့သော် ၎င်းသည် အင်္ဂလန်အသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ဒိန်းမတ်နှင့်တစ်ပွဲသာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့သည်။ 

"ဟာရီကိန်းကို နံပါတ်(၁၀)နေရာကိုပို့ပြီး ဝက်ကင်းစ်ကို နံပါတ်(၉)နေရာမှာ ကစားစေမယ်ဆိုရင် အင်္ဂလန်အသင်းရဲ့ တိုက်စစ် ပိုအားကောင်းလာနိုင်တယ်လို့ ထင်ပါတယ်"ဟု ဒီဖိုးက သုံးသပ်ခဲ့သည်။

Most Read

Most Recent