မိမိကို ဝေဖန်ပြစ်တင်နေခြင်းမှာ လေးစားမှုမရှိသည့် လုပ်ရပ်ဟု ကက်စီမီရို ဆို

မိမိကို ဝေဖန်ပြစ်တင်နေခြင်းမှာ လေးစားမှုမရှိသည့် လုပ်ရပ်ဟု ကက်စီမီရို ဆို
Photo : Getty Images
Photo : Getty Images
Published 20 May 2024

မန်ယူအသင်း၏ ကွင်းလယ်ကစားသမား ကက်စီမီရိုက မိမိကိုဝေဖန်ပြစ်တင်မှု ပြုလုပ်နေကြခြင်းမှာ လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

ထို့ပြင် မိမိသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်၏ အကောင်းဆုံးခေါ်ယူမှုများထဲမှတစ်ခုဟု သတ်မှတ်ခံခဲ့ရပြီး ယခုအခါ ဘာမှတန်ဖိုးမရှိသလိုဖြစ်နေပြီလားဟုလည်း မေးခွန်းထုတ်ခဲ့သည်။

ကက်စီမီရိုသည် နောက်ပိုင်းပွဲများတွင် နောက်ခံလူအဖြစ် ကစားနေရပြီး ခြေစွမ်းမပြနိုင်သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ပိုမိုရင်ဆိုင်နေရခြင်းဖြစ်သည်။

ထို့ကြောင့် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း ထင်ကြေးပေးခံထားရသော်လည်း ၎င်းက မန်ယူအသင်းတွင် ပျော်ရွှင်နေသည်ဟုလည်း ပြောကြားခဲ့သည်။

ကက်စီမီရိုသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၃၁)ပွဲကစားကာ (၅)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent