တားမရ၊ ဆီးမရ ရီးယဲလ်မက်ဒရစ်

တားမရ၊ ဆီးမရ ရီးယဲလ်မက်ဒရစ်
Photos: X
Photos: X
Published 3 August 2024
Hein Thant

ရီးယဲလ်ကို အန်းဒရစ်ချ်ရောက်လာပြီ။ အမ်ဘာပေလည်း ရောက်နေပြီ။ ဒီရာသီအတွက် ရီးယဲလ်ရဲ့ ကစားသမားအရင်းအမြစ်နဲ့ အင်အားက အားရစရာကောင်းသထက်ကောင်းလာတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် အနည်းဆုံးရာသီ (၃)ပုံ (၂)ပုံလောက်ကို ရီးယဲလ်ဟာအင်အားပြည့် အသုံးမပြုခဲ့ဘူး။ ဒါတောင်ရာသီသိမ်းချိန်မှာ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းလာလီဂါ ဖလားတွေ ရယူနိုင်ခဲ့ပြီး အောင်မြင်မှုသရဖူဆောင်းသွားနိုင်ခဲ့တယ်။ အခုအဲဒီအသင်းမှာ အန်းဒရစ်ချ်နဲ့ အမ်ဘာပေလို အနာဂတ်အတွက်တောက်ပနေကြတဲ့ ကစားသမား(၂)ဦး ထပ်မံဖြည့်တင်းလိုက်တဲ့အခါမှာတော့ ရီးယဲလ်ရဲ့အနာဂတ်ဟာ လှပြီးရင်းပိုလှလာနေတယ်လို့ ပြောရမယ်။ ဘာစီလိုနာရွှေခေတ် တဖြည်းဖြည်းပျောက်ဆုံးလာချိန်မှာ ရီးယဲလ်ဟာ သူတို့ရဲ့ ခေတ်တစ်ခေတ်ပြန်ရောက်အောင် တဖြည်းဖြည်းထူထောင်နိုင်ခဲ့တယ်။ အထူးသဖြင့် ရီးယဲလ်ရဲ့ ဥက္ကဋ္ဌဂုရုကြီး ပီရက်ဇ်ရဲ့ တစ်ကျော့ပြန်ခရီးနဲ့အတူ သူ့ရဲ့ ပထမအကြိမ်ကာလနဲ့ မတူကွဲပြားတဲ့ စိတ်ကူးအစီစဉ်တွေနဲ့ ရီးယဲလ်ခေတ်တစ်ခေတ်ကို ပြန်ရောက်အောင် ဖန်တီးယူနိုင်ခဲ့တယ်။

 

Most Read

Most Recent