ဂိုး ၁၀၀၀ အထိ သွင်းယူနိုင်ရန် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို မျှော်မှန်းထား

ဂိုး ၁၀၀၀ အထိ သွင်းယူနိုင်ရန် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို မျှော်မှန်းထား
Photo: Cristiano Ronaldo X
Photo: Cristiano Ronaldo X
Published 29 August 2024

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက သွင်းဂိုး ၁၀၀၀ ပြည့်အထိ သွင်းယူနိုင်ရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြားသည်။

စီရော်နယ်လ်ဒိုသည် သြဂုတ် ၂၇ ရက်က အယ်လ်ဖေဟာအသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝသွင်းဂိုး စုစုပေါင်း ၈၉၉ ဂိုးရှိလာပြီး ဂိုး ၉၀၀ ပြည့်ရန် တစ်ဂိုးသာ လိုအပ်တော့သည်။

UR Cristiano YouTube တွင် မန်ယူအသင်းဖော်ဟောင်း ရီယိုဖာဒီနန်နှင့်ပြုလုပ်ထားသည့် အင်တာဗျူးအစီအစဉ်၌ စီရော်နယ်လ်ဒိုက ''မကြာခင်မှာ ကျွန်တော် ၉၀၀ ပြည့်တော့မှာပါ။ အဲဒီနောက်မှာ ဂိုး ၁၀၀၀ အထိ သွင်းချင်ပါတယ်။ ဂိုး ၁၀၀၀ ကို အသက် ၄၁ နှစ်မှာ သွင်းယူနိုင်မလားဆိုတာ မသိပါဘူး။ ဒဏ်ရာ မရှိဘူးဆိုရင်ပေါ့။ အဲဒါက ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ ဂိုး ၁၀၀၀ ပြည့်အောင် သွင်းချင်ပါတယ်'' ဟု ပြောကြားသည်။

 

Most Read

Most Recent