■ သြစတြီးယားအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နိုင်ငံရေးပုံစံအောင်ပွဲခံမှုကြောင့် တူရကီနောက်ခံလူ ဒီမီရယ်လ် အရေးယူခံရဖွယ်ရှိ     

■ သြစတြီးယားအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နိုင်ငံရေးပုံစံအောင်ပွဲခံမှုကြောင့် တူရကီနောက်ခံလူ ဒီမီရယ်လ် အရေးယူခံရဖွယ်ရှိ     
Photo: Sky Sports
Photo: Sky Sports
Published 5 July 2024

တူရကီအသင်းနောက်ခံလူ မီရီ ဒီမီရယ်လ်အနေဖြင့် သြစတြီးယားအ သင်းနှင့်ပွဲတွင် နိုင်ငံရေးဆန်ဆန် အောင်ပွဲခံမှုကြောင့် အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။

    

ဒီမီရယ်လ်သည် ဇူလိုင် (၂)ရက်က သြစတြီးယားအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရသည့် ယူရို-၂၀၂၄ ပြိုင်ပွဲ (၁၆) သင်းအဆင့်ပွဲစဉ် တွင် တူရကီအသင်းအတွက် နှစ်ဂိုးစလုံး သွင်းယူပေးခဲ့သူဖြစ်သည်။ ၎င်းသည် (၅၉) မိနစ်တွင် ဒုတိယဂိုး သွင်းယူပြီးနောက် လက်နှစ်ဖက်ကို လေပေါ်မြှောက်၍ ဝံပုလွေပုံစံပြုလုပ်ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။ 

ယင်းအပြုအမူမှာ တူရကီနိုင်ငံ၌ "Gray Wolves" ဟု လူသိများသည့် အမျိုး သားရေး အစွန်းအရောက်အဖွဲ့အစည်းဖြစ်သော "Ulku Ocaklari" ၏ အမှတ်တံဆိပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ 

ထို့ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးရန် အရာရှိတစ်ဦး ခန့်အပ်ထားကြောင်း ဇူလိုင် (၃) ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

"Gray Wolves" ကို ပြင်သစ်နိုင်ငံ၌ တားမြစ်ပိတ်ပင်ထားပြီး သြစတြီးယားနိုင်ငံတွင်လည်း ၎င်းတို့အား အလေးပြုခြင်းကို တားမြစ်ထားရာ ဒီမီရယ်လ်အနေဖြင့် ပွဲပယ် သို့မဟုတ် ဒဏ်ကြေး ချမှတ်ခံရဖွယ်ရှိနေသည်။ ဒဏ်ကြေးသာ ချမှတ်ပါက ၂၀၁၉ ခုနှစ်က ယူရို (၄၀၀၀) ချမှတ် ခံရဖူးသည့် ဖြစ်စဉ်ရှိခဲ့သည်။ 

Most Read

Most Recent