■ အားကစားနဲ့ ရာသီဥတုဂယက်

■ အားကစားနဲ့ ရာသီဥတုဂယက်
Photo : Getty Images
Photo : Getty Images
Published 9 May 2024
AK

၂၀၅၀ ခုနှစ်ရောက်ရင် အင်္ဂလိပ်လိဂ်ပြိုင်ပွဲ (၄)ခုမှာ အနည်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုက ဘောလုံးကွင်းတွေဟာ ရေလွှမ်းမိုးမှုဒဏ် စတင်ကြုံတွေ့ဖွယ်ရှိနေပါတယ်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ရမယ့်ပြဿနာလို့လည်း ရာသီဥတုရေးရာ ကျွမ်းကျင်သူတွေ သုံးသပ်ထားတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာ အပူတပြင်းဆွေးနွေးလာကြတယ်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ လူသားတွေအတွက် အရေးပေါ်အနီရောင်အဆင့် ဖြစ်နေတာကြာပါပြီ။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် သက်ရောက်မှုတွေကို ဘယ်လိုကာကွယ်မလဲ၊ လူနေမှုဘဝတွေကို ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ ဆွေးနွေးနေတာပါပဲ။

 

Most Read

Most Recent