နယူးကာဆယ်အသင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့

နယူးကာဆယ်အသင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့
Photo: Premier League
Photo: Premier League
Published 13 May 2024

နယူးကာဆယ်အသင်းသည် ယခုရာသီတွင် အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတိုင်း ရာနှုန်းပြည့်ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

နယူးကာဆယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း(၁၉)ပွဲစလုံး ယှဉ်ပြိုင်ကစားပြီးခဲ့ပြီဖြစ်ပြီး အဆိုပါ(၁၉)ပွဲစလုံး၌ ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် (၁၂)ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ထို့ကြောင့် အိမ်ကွင်းရလဒ်အကောင်းဆုံးအသင်းစာရင်းတွင် ပါဝင်နေပြီး သွင်းဂိုးအရေအတွက်မှာလည်း (၄၉)ဂိုးအထိ ရရှိခဲ့သည်။

နယူးကာဆယ်အသင်းသည် အိမ်ကွင်း၌ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းတို့ကို အနိုင်ရခဲ့ကြောင်း သိရသည်။

Most Read

Most Recent