၂၀၃၈ ခုနှစ်အထိ Ballon d'Or ဆု ရရှိနိုင်သူများကို AI ဖြင့် ခန့်မှန်းခဲ့ပြီး အအောင်မြင်ဆုံး မက်ဆီကို ၂၀၂၆ ခုနှစ်အတွက်လည်း ဆုပေးထား

၂၀၃၈ ခုနှစ်အထိ Ballon d'Or ဆု ရရှိနိုင်သူများကို AI ဖြင့် ခန့်မှန်းခဲ့ပြီး အအောင်မြင်ဆုံး မက်ဆီကို ၂၀၂၆ ခုနှစ်အတွက်လည်း ဆုပေးထား
Photo: Football Archive
Photo: Football Archive
Published 30 May 2024

၂၀၃၈ ခုနှစ်အထိ Ballon d'Or ဆုရရှိနိုင်မည့် ကစားသမားစာရင်းကို AI က ထုတ်ပြန်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် Ballon d'Or ဆု အများဆုံးဆွတ်ခူးထားသည့် မက်ဆီကို ခန့်မှန်းပေးထားကြောင်း သိရသည်။

၁၉၅၆ ခုနှစ်တွင် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက စတင်ချီးမြှင့်ခဲ့သည့် Ballon d'Or ဆုကို မက်ဆီက (၈)ကြိမ်အထိရရှိကာ နောက်ဆုံးချီးမြှင့် ထားသည့် ၂၀၂၃ ဆုပိုင်ရှင်လည်းဖြစ်ပြီး စီရော်နယ်လ်ဒိုမှာမူ ဆန်ခါတင်စာရင်းတွင် အကြိမ်အများဆုံး ဝင်ရောက်နိုင်သူအဖြစ် (၁၈)ကြိမ် ရွေးချယ်ခံခဲ့ရသည်။

လူမှုကွန်ရက် X တွင် Football Archive ဟုအမည်ရသည့် Account က လာမည့် (၁၅)နှစ်တာအတွက် Ballon d'Or ဆု ရရှိနိုင်မည့်သူများကို AI အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

AI ၏  ခန့်မှန်းချက်တွင် ၂၀၂၄ ခုနှစ်တွင် ဘယ်လင်ဟမ် (အင်္ဂလန်)၊ ၂၀၂၅ ခုနှစ်တွင် ဘာပေ(ပြင်သစ်)၊ ၂၀၂၆ ခုနှစ်တွင် မက်ဆီ(အာဂျင်တီးနား)၊ ၂၀၂၇ ခုနှစ်တွင် ဖီးလ်ဖိုဒန်(အင်္ဂလန်)၊ ၂၀၂၈ ခုနှစ်တွင် ဂါဗီ (စပိန်)၊ ၂၀၂၉ ခုနှစ်တွင် ဟာလန်း (နော်ဝေ)၊ ၂၀၃၀ ခုနှစ်တွင် ဗင်နီစီယပ်စ်(ဘရာဇီးလ်)၊ ၂၀၃၁ ခုနှစ်တွင် အီဗန်ဖာဂူဆန်(အိုင်ယာလန်)၊ ၂၀၃၂ ခုနှစ်တွင် ဗက်ဇ်(ဂျာမနီ)၊ ၂၀၃၃ ခုနှစ်တွင် မူဆီယာလာ(ဂျာမနီ)၊ ၂၀၃၄ ခုနှစ်တွင် ဘာပေ(ပြင်သစ်)၊ ၂၀၃၅ ခုနှစ်တွင် အီဗန်ဖာဂူဆန်(အိုင်ယာလန်)၊ ၂၀၃၆ ခုနှစ်တွင် ယမားလ် (စပိန်)၊ ၂၀၃၇ ခုနှစ်တွင် ယမားလ်  (စပိန်)၊ ၂၀၃၈ ခုနှစ်တွင် ဂူလာ(တူရကီ)စသည့် ကစားသမားများ ရရှိမည်ဟု ဖော်ပြထားခဲ့သည်။

ယခု AI ၏ခန့်မှန်းမှုတွင် နှစ်ကြိမ်ရရှိနိုင်မည့် ကစားသမားများမှာ ဘာပေ၊ အီဗန်ဖာဂူဆန်၊ ယမားလ်စသည့် သုံးဦးသာရှိပြီး ဘယ်လင်ဟမ်နှင့် ဟာလန်းမှာမူ တစ်ကြိမ်စီသာ ပါဝင်နေသည်။

 

Most Read

Most Recent