■ အင်္ဂလန်တိုက်စစ်နဲ့ ရွှေဖိနပ်ဆုအားပြိုင်ပွဲ

■ အင်္ဂလန်တိုက်စစ်နဲ့ ရွှေဖိနပ်ဆုအားပြိုင်ပွဲ
Photo: Getty Images
Photo: Getty Images
Published 3 May 2024
Phoe Thar

အင်္ဂလန်ပြည်တွင်းသာမက၊ ဥရောပရဲ့ထိပ်တန်းအဆင့်တိုက်စစ်မှူးများစွာ အားပြိုင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုသမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ကာလအပိုင်းအခြား (၃)ခုခွဲခြမ်း ပြောဆိုရပါလိမ့်မယ်။ ၁၉၉၂-၉၃ ရာသီမှာ ပရီးမီးယားလိဂ်လို့ အမည်စတင်ပြောင်းလဲခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ ပထမဆယ်စုနှစ်အတွင်း ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုတွေကို အင်္ဂလန်ကစားသမားတွေကပဲ  အလှည့်ကျရယူပြီး လွှမ်းမိုးခဲ့ပါတယ်။ ၁၉၉၂-၉၃ ရာသီကနေ ၁၉၉၈-၉၉ ရာသီအထိ (၇)ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အင်္ဂလန်ကစားသမားတွေကပဲ သိမ်းပိုက်ခဲ့ပြီး ၁၉၉၈-၉၉ ရာသီမှာ အင်္ဂလန်ကြယ်ပွင့်မိုက်ကယ်အိုဝင်နဲ့အတူ ထရီနီဒတ်တိုက်စစ်မှူး ဒွိုက်ယော့ခ်၊ ဒတ်ချ်တိုက်စစ်မှူး ဟတ်ဆယ်ဘင့်ခ်တို့ ရွှေဖိနပ်ဆုပူးတွဲရယူနိုင်ခြင်းကပဲ ပြည်ပတိုက်စစ်မှူးတွေအတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့တာပါ။ 

 

Most Read

Most Recent