နယူးကာဆယ်နှင့်ကစားမည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ မိမိအတွက် နှုတ်ဆက်ပွဲမဟုတ်ဟု မန်ယူနည်းပြ တန်ဟက်ဂ် ပြောကြား

နယူးကာဆယ်နှင့်ကစားမည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ မိမိအတွက် နှုတ်ဆက်ပွဲမဟုတ်ဟု မန်ယူနည်းပြ တန်ဟက်ဂ် ပြောကြား
Photo : Getty Images
Photo : Getty Images
Published 15 May 2024

မန်ယူနည်းပြ တန်ဟက်ဂ်က နယူးကာဆယ်အသင်းနှင့် ကစားရမည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ မိမိအတွက် နောက်ဆုံးနှုတ်ဆက်ပွဲမဟုတ်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် FA ဖလားဗိုလ်လုပွဲတက်ရောက်ထားသော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် (၈) နေရာအထိ ရောက်ရှိနေသည်။ ယင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မန်ယူအသင်းအတွက် အဆိုးရွားဆုံးရပ်တည်မှုဖြစ်ပြီး နည်းပြ တန်ဟက်ဂ်နှင့် အသင်းကစားသမားများမှာလည်း ဝေဖန်မှုများနှင့်ရင် ဆိုင်နေရသည်။

မန်ယူအသင်းတာ ဝန်ရှိသူများအနေဖြင့် ရလဒ်များဆိုး ရွားနေခြင်းကြောင့် တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ရန် စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျက် ရှိနေသည်။

သို့သော် တန်ဟက်ဂ်ကမူ နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲမှာ ၎င်းအတွက်နှုတ်ဆက်ပွဲမဟုတ်ကြောင်း ယုံကြည်နေသည်။ တန်ဟက်ဂ်က "နယူးကာဆယ်နဲ့ပွဲက ကျွန်တော့်ရဲ့ နှုတ်ဆက်ပွဲလား။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ အသင်းပရိသတ်တွေကို ဂုဏ်ပြုဖို့အတွက် ဒါက နည်းလမ်းမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် တန်ဟက်ဂ်က ၎င်းအနေဖြင့် လာမည့် ၂၀၂၄-၂၅ ရာသီတွင်လည်း မန်ယူနည်းပြအဖြစ် ဆက်ရှိရန်မျှော်လင့်နေကြာင်း ပြောကြားခဲ့သည်။

Most Read

Most Recent