■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 26 April 2024

ဝက်စ်ဟမ်း - လီဗာပူးလ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ညနေ ၆:၀၀ နာရီ)

ဝက်စ်ဟမ်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်ကျဆင်းနေပြီး ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်တောင် အားနည်းလာတယ်။  လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းက အင်အားကောင်းပြီး ကျွမ်းကျင်မှုနဲ့ အမြန်နှုန်းလည်း ပြည့်စုံတယ်။ တစ်ခုရှိတာက ဝက်စ်ဟမ်းက အသင်းကြီးတွေကို ခံကစားတဲ့အခါ ကွင်းလယ်က မာကျောပြီး ကျစ်လျစ်တာကို တွေ့ရတယ်။ လီဗာပူးလ်ကွင်းလယ်က နည်းနည်းပျော့ပြီး ကစားပုံလည်း သန့်တယ်။ ဆူချက်ခ်၊ အယ်လ်ဗာရက်ဇ်တို့လို မာကျောတဲ့ ကစားဟန်ကိုတော်တော်လေး ကျော်ဖြတ်ရလိမ့်မယ်။ ဝက်စ်ဟမ်းတိုက်စစ်က ဘိုဝင်၊ ကူဒူစ်တို့ကောင်းပေမယ့် လီဗာပူးလ်ခံစစ်က ထိန်းချုပ်နိုင်မှာပါ။ လီဗာပူးလ် ကပ်နိုင်လိမ့်မယ်။ 



ဖူလ်ဟမ် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၃၀ နာရီ)

လန်ဒန်မြို့ခံ ကလပ်အသင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးက အပေါ်မရောက် အောက်မရောက်အသင်းတွေပါ။ ဒီလိုပွဲတွေက ဖိအားကင်းကင်းနဲ့ တိုက်စစ်ဖွင့်ကစားလေ့ရှိပြီး ဂိုးတွေလည်းမြူးနိုင်တယ်။ ပဲလေ့စ်အသင်းက နည်းပြသစ် ဂလက်စ်နာလက်ထက်မှာ အခြေအနေကောင်းသလို မာကိုဆေးလ်ဗားရဲ့ ဖူလ်ဟမ်ကလည်း အိမ်ကွင်းမှာ ကစားပုံတော်တော်ကောင်းပါတယ်။ ဖူလ်ဟမ်ကို ကြိုက်တယ်။ 



မန်ယူ - ဘန်လေ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၃၀ နာရီ)

မန်ယူနိုက်တက်အသင်းက ဒီပွဲမတိုင်ခင်မှာ ရှက်ဖီးယူနိုက်တက်နဲ့ ကစားထားပြီး အခု ဘန်လေနဲ့လည်း အိမ်ကွင်းပွဲ ထပ်ကစားရမယ်။ ဘန်လေနဲ့ပွဲအပြီးမှာ ပွဲကျပ်တွေ ကစားရတော့မှာဖြစ်လို့ မန်ယူအတွက် အမှားမခံဖို့လိုတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်ကုန်ဆုံးသွားပေမယ့် ဥရောပဝင်ခွင့်တစ်နေရာအတွက်ရော နည်းပြ တန်ဟက်ဂ်ရဲ့အနာဂတ်အတွက်ပါ အမှားမခံတဲ့ အခြေအနေမှာ မန်ယူ နိုင်ပွဲယူမှာပါ။ 



နယူးကာဆယ် - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၃၀ နာရီ)

နယူးကာဆယ်က နိုင်ပွဲတွေ ဆက်တိုက်ယူပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက်က ပြန်အားကောင်းလာတာတွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီကလို ချန်ပီယံလိဂ်ဝင်ခွင့် မရနိုင်တော့ပေမယ့် ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ရဦးမယ့် အခြေအနေရှိတယ်။ ရှက်ဖီးယူနိုက်တက်လို အစစအရာရာ အားနည်းနေပြီး ရှုံးပွဲတွေ များနေတဲ့အသင်းကို နယူးကာဆယ် အိမ်ကွင်းမှာ လွယ်လွယ်ကူကူပဲ အနိုင်ယူလိမ့်မယ်။ 



ဝုလ်ဗ် - လူတန် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၈:၃၀ နာရီ)

ဝုလ်ဗ်အသင်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်း သိသိသာသာ ကျဆင်းလာတယ်။ အထူးသဖြင့် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအစုံအလင် မပါဝင်တဲ့အချက်က ဝုလ်ဗ်ရဲ့ ရလဒ်တွေကို ထိခိုက်စေတယ်။ တိုက်စစ်ပိုင်းပြဿနာက ဝုလ်ဗ်ကို ဆွဲချနေတာ ဖြစ်ပြီး လူတန်အသင်းကတော့ တန်းမဆင်းရဖို့ မျှော်လင့်ချက်အတွက် အသည်းအသန်ရုန်းကန်ရမယ့် အခြေအနေပါ။ လူတန်ကို ကြိုက်မိတယ်။ 



အဲဗာတန် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၁:၀၀ နာရီ)

အဲဗာတန်အသင်းက အမှတ်တွေ အလျှော့ခံရရင်းနဲ့ကို ပရီးမီးယားလိဂ်မှာ တင်ကျန်ခဲ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီပွဲမှာသာ ဘရန့်ဖို့ဒ်အသင်းကို အနိုင်ကစားလိုက်ရင် တော်တော်လေး အခြေအနေကောင်းသွားနိုင်သလို၊ ဒီပွဲပြီးရင် တန်းဆင်းဇုန်ထဲက လူတန်၊ ရှက်ဖီးတို့နဲ့ ဆက်ကစားရမှာဖြစ်လို့ အဲဗာတန်က ရလဒ်ကောင်းသာ ယူနိုင်ရင် ဒီ (၃) ပွဲအပြီးမှာ အခြေအနေ ကောင်းသွားနိုင်တယ်။ အဲဗာတန်ကို ကြိုက်တယ်။ 



အက်စတွန်ဗီလာ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁:၃၀ နာရီ)

အာဆင်နယ်ကို အရှက်တကွဲ ရှုံးခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးရဲ့ နောက်ထပ်ပွဲကျပ် တစ်ပွဲပါ။ ချယ်လ်ဆီးက အက်စတွန်ဗီလာကိုတော့ မကြာသေးခင်က ကစားခဲ့တဲ့ FA ဖလားပွဲမှာ ကျော်ဖြတ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်။ ဗီလာက လက်ရှိ အချိန်မှာ ပိုကောင်း တဲ့ အနေအထားဖြစ်ပေမယ့် ချယ်လ်ဆီး ခြေတွေ့သွားရင် ဗီလာဆီက အမှတ်ခွဲယူနိုင်ပါတယ်။ အာဆင်နယ်နဲ့ပွဲက အရှက်ကွဲထားတဲ့ချယ်လ်ဆီး ဒီပွဲမှာ သရေတစ်မှတ်ယူမယ်။ 

Most Read

Most Recent