စပိန်လာလီဂါပွဲစဉ်  (၃၃) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်  (၃၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 28 April 2024

ကာဒစ်ဇ် - မာယော့ကာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

တဖြည်းဖြည်းတန်းဆင်းရဖို့နီးစပ်လာပေမယ့် ကာဒစ်ဇ် အိမ်ကွင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစားပြီးအမှတ်ရှာမှာသေ ချာတယ်။ မာယော့ကာကလည်း ခံစစ်မာပြီးတိုက်စစ်အားမရှိ လှလို့ ဒီပွဲတော့ ကာဒစ်ဇ်အနည်းဆုံးသရေမျှော်လင့်နိုင်မှာပါ။

ဂရန်နာဒါ - အိုဆာဆူနာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ဂရန်နာဒါကလည်း ရုန်းရင်းကန်ရင်းနဲ့ပဲ တန်းဆင်းရမယ့် အရေးနဲ့ နီးကပ်လာပါပြီ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ဂရန်နာ ဒါစွန့်စားကစားပြီး အမှတ်ရှာနေတာတွေ့ရတယ်။ အိုဆာဆူနာ ကလည်း ဟိုမရောက်၊ ဒီမရောက်နဲ့အမှတ်သိပ်မလိုတော့ဘူး။ အမှတ်ရှာနေတဲ့ ဂရန်နာဒါနဲ့ ဂိုးအများပဲရွေးထားမယ်။

ဗီလာရီးယဲလ် - ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၀၀ နာရီ)

(၂)သင်းစလုံးအမှတ်သိပ်မလိုကြတော့ပေမယ့် ဗယ်လက် ကာနိုကတော့ သိပ်ပြီးပေါ့ဆလို့မရသေးဘူး။ ဒါပေမဲ့လက်ရှိဗယ် လက်ကာနိုရဲ့ အဝေးကွင်းခြေစွမ်းအရတော့ ဗီလာရီးယဲလ်ကို ယှဉ်ဖို့ခက်မှာပါ။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားရမယ်။

ဘက်တစ် - ဆီဗီလာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ဆီးဗီးလ်ဒါဘီပွဲဖြစ်သလို အိမ်ရှင်ဘက်တစ်ကလည်း ဥ  ရောပဝင်ခွင့်တစ်နေရာအတွက်ကစားနေချိန်ဖြစ်လို့ အကြိတ်အ နယ်ရှိတဲ့ ပွဲတစ်ပွဲကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဆီးဗီးလ်ဒါဘီရဲ့ ထုံးစံအတိုင်း တစ်သင်းနဲ့တစ်သင်းအမှားမခံစတမ်းယှဉ်ပြိုင်ကြ လေ့ရှိပြီး ဒီဘက်နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင် လည်း ရလဒ်ပိုင်းကွာခြားမှုမရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီရာ သီအဝေးကွင်းကစားပုံအားရစရာသိပ်မရှိတဲ့ ဆီဗီလာကြောင့် ဘက်တစ်နဲ့ ဂိုးအများပဲရွေးထားကြည့်ချင်တယ်။

Most Read

Most Recent