ဒီဘရိုင်းနားနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို မန်စီးတီးအသင်း ဆက်ထိန်းထားနိုင်ရန် မျှော်လင့်သည်ဟု အဂွဲရိုး ဆို

ဒီဘရိုင်းနားနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို မန်စီးတီးအသင်း ဆက်ထိန်းထားနိုင်ရန် မျှော်လင့်သည်ဟု အဂွဲရိုး ဆို
Photo: X
Photo: X
Published 29 April 2024

မန်စီးတီးအသင်း၏ တိုက်စစ်မှူးဟောင်း အဂွဲရိုးက မန်စီးတီးအသင်းအနေဖြင့် ဒီဘရိုင်းနားနှင့် ဘာနာဒိုဆေးလ်ဗားတို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ယင်းကစားသမားနှစ်ဦးသည် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေခြင်းကြောင့် အဂွဲရိုးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဒီဘရိုင်းနားက အသင်းအတွက် မရှိမဖြစ်ကစားသမားဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ကို အသင်းမှာ အကြာကြီးဆက်ရှိစေချင်မယ်လို့ ထင်ပါတယ်။ ဘာနာဒိုကလည်း အသင်းမှာ နေရာစုံကစားနိုင်သူပါ။ သူ့အနာဂတ်ကို သူရွေးချယ်နိုင်ပေမဲ့ မန်စီးတီးအသင်းမှာ ဆက်ပြီးမြင်တွေ့ရဖို့ မျှော်လင့်ပါတယ်''ဟု အဂွဲရိုးက ပြောကြားခဲ့သည်။

 

Most Read

Most Recent