မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်မှ ဘီးလင်းမြို့နယ်ဘက်မှ သထုံမြို့နယ်ဘက်သို့သွားမည့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထား

မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်မှ ဘီးလင်းမြို့နယ်ဘက်မှ သထုံမြို့နယ်ဘက်သို့သွားမည့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထား
မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်မှ ယာဉ်ငယ်များ ဖြတ်သန်းနေစဉ် (ဓာတ်ပုံ-  CJ)
မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်မှ ယာဉ်ငယ်များ ဖြတ်သန်းနေစဉ် (ဓာတ်ပုံ-  CJ)
Published 15 May 2024

မွန်ပြည်နယ် သထုံမြို့နယ် နှင့် ဘီးလင်း မြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်ကားလမ်း မပေါ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရ သည့် ကျုံအိတ်တံတားပေါ်မှ မေ ၁၅ ရက် နံနက်ပိုင်းက ဘီးလင်းမြို့နယ်ဘက်မှ သထုံ မြို့နယ်ဘက်သို့သွားမည့် မော်တော်ယာဉ် ငယ်များ ဖြတ်သန်းခွင့်ပြုထားကြောင်း ခရီးသွား များထံမှ သိရသည်။

အဆိုပါ ကျုံအိတ်တံတားအား ယာယီ ပြုပြင်ပြီးနောက် တံတားပေါ်မှ မော်တော် ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုထားကြောင်း နှင့် အနိမ့်ကားများ သွား၍မရသေး ကြောင်း ခရီးသွားတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လောလောဆယ် ရန်ကုန်ဘက်ကအဆင်းပေါ့ဗျာ။ ဘီးလင်း ဘက်ကနေ သထုံဘက်ကို ကားငယ်တချို့ တော့ သွားလို့ရတယ်။ ပြိုကျနေတဲ့တံတားအ ပိုင်းကို ပြန်ပြင်ထားတာဆိုတော့ ကားကြီးတွေ တော့ သွားလို့မရသေးဘူး”ဟု ပြောကြားသည်။

ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီးသည့်နောက် အဆိုပါကား လမ်းအား အသုံးပြုသွားလာနေသည့် ယာဉ် ငယ်နှင့် ယာဉ်ကြီးများအနေဖြင့် ကျေးရွာချင်း ဆက်လမ်းများမှတစ်ဆင့် ရှောင်ကွင်းသွား လာနေရကြောင်း၊ ကျေးရွာချင်းဆက်လမ်း များမှာ ကျဉ်းပြီး ယင်းလမ်းများအား အသုံးပြု သွားလာနေသည့်ယာဉ် များပြားသည့်အတွက် ယာဉ်ကြောပိတ်ဆို့နေမှုများ ဖြစ်ပေါ်နေသည့် အပြင် တိုက်ပွဲများလည်း ဖြစ်ပွားနေသည့်အ တွက် ခရီးသွားများ ထိခိုက်သေဆုံးမှုရှိနေ ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ကျုံအိတ်တံတားအား ပြန်လည်ပြုပြင် ရန်အတွက် လမ်းလွှဲပြုလုပ်ခြင်း လုပ်ငန်းနှင့် ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းများအား သက်ဆိုင်ရာက လုပ်ဆောင်နေစဉ် မေ ၁၃ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခံခဲ့ရပြီးနောက် လုပ်ငန်းများ ရပ်ဆိုင်းကာ တံတားပြုပြင်မည့်အဖွဲ့များ ပြန်လည်ဆုတ် ခွာထားရကြောင်းလည်း သက်ဆိုင်ရာ သထုံ ခရိုင်လမ်းဦးစီးဌာနထံမှ သိရသည်။

သထုံမြို့နယ် ကျိုက္ကော်၊ မိုးကောင်းဘက် မှ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာဘက် သို့ ကျေးရွာချင်းဆက်လမ်းများမှတစ်ဆင့် မော်တော်ယာဉ်များ သွားလာနေကြနေကြရ ကြောင်းနှင့် မေ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ယင်းလမ်းကြောင်းပေါ်တွင် တိုက်ပွဲများဖြစ် ပွားခဲ့သည့်အတွက်ကြောင့် ထိုလမ်းကြောင်း ကို ယာယီပိတ်ထားခဲ့ပြီး ညနေပိုင်းမှသာ ပြန် ဖွင့်ပေးခဲ့ကြောင်းလည်း ခရီးသွားများထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်အစောပိုင်း က သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအ မှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီ တံတားထိုးထားသည့်အခြမ်းပါ ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံ နက် ၄ နာရီခွဲခန့်ကလည်း အဆိုပါ ကျုံအိတ် တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA / PDF ပူးပေါင်းတပ်ဖွဲ့က မိုင်း ခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့် အတွက် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်စီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်း ပြုတ်ကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး သေ ဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

Most Read

Most Recent