ပြီးခဲ့သည့် ၁၀ ရက်အတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ မြန်မာဒုက္ခသည် ၁၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း အိန္ဒိယ သတင်းဌာနများက သတင်းဖော်ပြ

ပြီးခဲ့သည့် ၁၀ ရက်အတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ မြန်မာဒုက္ခသည် ၁၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်း အိန္ဒိယ သတင်းဌာနများက သတင်းဖော်ပြ
Published 29 May 2024

ပြီးခဲ့သည့် ၁၀ ရက်အတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ မြန်မာဒုက္ခသည် ၁၄၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း အိန္ဒိယ သတင်းဌာနများက သတင်းဖော်ပြခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၅ ရက်နှင့် ၂၆ ရက်တို့ တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက် ပြေးလာသည့် မြန်မာဒုက္ခသည် ၄၀ ကျော်ရှိ ကြောင်း ပြည်နယ်အကြီးတန်းအရာရှိပြော ကြားချက်ကို ကိုးကြားပြီး အိန္ဒိယသတင်းဌာန The Economic Times က သတင်းဖော်ပြ ထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ် မြောက်ပိုင်းက တွန်းဇံမြို့နှင့် ကျီခါးမြို့တို့၌ လက် နက်ကိုင်ပဋိပက္ခဖြစ်ပွားပြီးနောက် လေကြောင်း တိုက်ခိုက်မှုများကြောင့် မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြီးခဲ့သည့် မေ ၁၆ ရက် မှ ၂၀ ရက်အတွင်း မီဇိုရမ်ပြည်နယ်ထဲသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရသည့် မြန်မာစစ်ဘေးရှောင် ၉၀၀ ကျော်ရှိကြောင်း ချင်းသတင်းဌာနများ၏ သတင်းဖော်ပြမှုအရ သိရသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း မြန်မာစစ်ဘေးရှောင် ၃၀၀၀၀ ကျော် အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ ချင်း ပြည်နယ်မှ ဒေသခံများဖြစ်ကြောင်း သိရ သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့် ခွာထွက်ပြေးရသူဦးရေ သုံးသန်းကျော်ရှိလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး  (UNOCHA) က သတင်း ထုတ်ပြန်ထားသည်။