ဆိုင်ကလုန်းမုန်တိုင်း ‘ရီမယ်လ်’ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခတ်နေပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများရှိမည်ဟု မိုးဇလ ထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း ‘ရီမယ်လ်’ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခတ်နေပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများရှိမည်ဟု မိုးဇလ ထုတ်ပြန်
Published 27 May 2024

ဆိုင်ကလုန်းမုန်တိုင်းရီမယ်လ်ဘင်္ဂ လားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခတ်နေပြီး မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများရှိမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

မေ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေဆာဂါကျွန်းတို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံ မွန်ဂလမြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းရီမယ် (လ်)” သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက် ရှိသည်ဟု မိုးဇလက ထုတ်ပြန်သည်။

အဆိုပါမုန်တိုင်းမှာနောက် ၁၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ခြောက်နာရီ အတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း၊ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့လည်းကောင်း တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု မိုးဇလက ခန့်မှန်းသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းရီမယ် (လ်)” ၏အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကထုတ်ပြန်သည်။

အလားတူ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၃ ပေခန့်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန် မိုးဇလက အသိပေးထားသည်။

ထို့ပြင် အနောက်တောင်မုတ်သုံလေမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ဘင်္ဂ လားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ဝင် ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ မေ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၌ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေ ရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက် မိုးကြီးခဲ့သည်ဟု မိုးဇလက ထုတ်ပြန်သည်။

ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ် တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ် ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent