မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး အောင်မြင်ခဲ့

မွန်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး အောင်မြင်ခဲ့
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြည့်ရှုနေသူများကို တွေ့ရစဉ်
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြည့်ရှုနေသူများကို တွေ့ရစဉ်
Published 11 June 2024
ဘိုဘိုမြင့်

ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ မွန်ပြည် နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးအနက် ၃၄၀၇ ဦး အောင်မြင်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ၄၆၁  ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၂၈၈ ဦး အောင်မြင် ခဲ့ပြီး၊ ဘီးလင်းမြို့နယ်အတွင်း ၃၉၃ ဦး ဖြေ ဆိုခဲ့ရာ ၂၄၄ ဦး အောင်မြင်ခဲ့ကြောင်း၊ သထုံ မြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူပေါင်း ၄၅၉ ဦး ရှိခဲ့ရာ ၂၇၄ ဦးအောင်မြင်ခဲ့ပြီး ပေါင်မြို့နယ် အတွင်း ၄၃၀ ဦး ဖြေဆိုခဲ့ရာ ၂၅၈ ဦး အောင် မြင်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မော်လမြိုင်မြို့နယ်အတွင်းမှ ဝင်ရောက်ဖြေဆိုသူပေါင်း ၁၄၄၈ ဦးရှိခဲ့ရာ ၉၇၂ ဦး အောင်မြင်ခဲ့ကြောင်း၊ ချောင်းဆုံမြို့ နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာ မေးပွဲဝင်ရောက်ဖြေသူဆိုပေါင်း ၄၄၇ ဦးရှိခဲ့ ရာ ၂၈၃ ဦး အောင်မြင်ခဲ့ကြောင်း၊ ကျိုက်မ ရောမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲဝင်ရောက်ဖြေသူဆိုပေါင်း ၃၀၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၇၄ ဦး အောင်မြင် ခဲ့ကြောင်း၊ မုဒုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆို ပေါင်း ၇၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၈၅ ဦး အောင်မြင်ခဲ့ကြောင်းနှင့် သံဖြူဇရပ်မြို့နယ်အ တွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေသူဆိုပေါင်း ၆၂၅ ဦး ရှိခဲ့ရာ ၎င်းင်းတို့အနက် ၃၅၇ ဦး အောင်မြင်ခဲ့သည်။

ထို့အတူ မွန်ပြည်နယ် ရေးမြို့နယ်အ တွင်း  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုကြသူပေါင်း ၄၅၃ ဦးရှိခဲ့ရာ ၇၂ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းလည်း မွန်ပြည် နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “၂၀၂၄ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲမှာ မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ စာရင်းရှိ ကျောင်းသား/သူ စုစုပေါင်းက ၆၀၁၅ ဦးရှိခဲ့ပါတယ်။ စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ စုစုပေါင်းက ၅၇၆၇ ဦး ရှိခဲ့ပါတယ်။ ပျက်ကွက်သူ ၂၄၈ ဦးရှိခဲ့ပါတယ်။ အောင်မြင် သူစုစုပေါင်းက ၃၄၀၇ ဦးရှိပါတယ်။ အောင် ချက်ရာခိုင်နှုန်းအားဖြင့်တော့  ၅၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိပါတယ်”ဟု ပြောကြားသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်၌ ခြောက်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ လေး ဘာသာဂုဏ်ထူးရှင် ၆၂ ဦး၊ သုံးဘာသာဂုဏ် ထူးရှင် ၉၉ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၅၄ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၄၄၇ ဦးရှိခဲ့ ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မွန်ပြည်နယ်အတွင်းမှ ကျောင်း သားကျောင်းသူ စုစုပေါင်း ၅၇၆၈ ဦး ဝင် ရောက်ဖြေဆိုခဲ့ရာ ၄၁၇၂ ဦး အောင်မြင်ခဲ့ ကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်း ၇၂ ဒသမ ၃၃ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။