ဇွန် ၁ ရက် အသက်ဝင်မည့် ထိုင်းအစိုးရထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံ ၉၃ ခုတွင် မြန်မာနိုင်ငံမပါဝင်ကြောင်း သိရ

ဇွန် ၁ ရက် အသက်ဝင်မည့် ထိုင်းအစိုးရထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံ ၉၃ ခုတွင် မြန်မာနိုင်ငံမပါဝင်ကြောင်း သိရ
■ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလာရောက်လျှောက်ထားသူများကို ယခုနှစ် ဖေဖော်ဝါရီလပိုင်းက တွေ့ရစဉ်
■ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလာရောက်လျှောက်ထားသူများကို ယခုနှစ် ဖေဖော်ဝါရီလပိုင်းက တွေ့ရစဉ်
Published 31 May 2024

ဇွန် ရက် အသက်ဝင်မည့် ထိုင်းအစိုးရထုတ်ပြန်သည့် ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံ ၉၃ ခုတွင် မြန်မာနိုင်ငံမပါဝင်ကြောင်း သိရသည်။

ဇွန် ရက်တွင် စတင်အသက်ဝင်မည့်ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံများအား ထိုင်းအစိုးရက ထပ်မံတိုးမြှင့်ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ခရီးသွားများဝင်ရောက်မှု မြှင့်တင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။

ယခင်ကလည်း ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်နေထိုင်နိုင်သည့် နိုင်ငံများလည်းရှိပြီး ယခုတွင် အသစ်ထပ်တိုးလိုက်သည့် နိုင်ငံမှာခြောက်နိုင်ငံဖြစ်သည်။ ယင်းခြောက်နိုင်ငံမှာ တရုတ်၊ လာအို၊ မွန်ဂိုလီးယား၊ ရုရှားနှင့် ကမ္ဘောဒီးယားနှင့် မကာအိုတို့ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှာ ယခင်က မြန်မာနိုင်ငံကဲ့သို့ပင် ၁၄ ရက်ဗီဇာသာ ရရှိခဲ့ရာမှ ယခုအကြိမ်တွင် ရက်ပေါင်း ၆၀ ဗီဇာမလိုဘဲ နေထိုင်နိုင်သည့် နိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံမှာ ပါဝင်လာခြင်းမရှိသည်ကို ထိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် မူလအတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်နေထိုင်ခွင့်သာ ရရှိမည်ဖြစ်သည်။

ထိုင်းအစိုးရထုတ်ပြန်လိုက်သည့် ဗီဇာမူဝါဒအသစ်များတွင် စီးပွားရေးလုပ်ကိုင်မည့်သူများ၊ ထိုင်းအစားအစာသင်ယူမည့်သူများ၊ အနုပညာလုပ်ငန်းလုပ်ကိုင်မည့်သူများ၊ ထိုင်းရိုးရာ မွေထိုင်းလက်ဝှေ့ သင်ယူမည့်သူများအတွက် ရက်ပေါင်း ၁၈၀ နေထိုင်ခွင့်ရမည့် Destination Thailand Visa အမျိုးအစားသစ်ကိုလည်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူများအပြင် ကွန်ဒိုတိုက်ခန်း ဝယ်ယူသူများ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ ယခင်နှစ်များထက် ပိုမိုများပြားလာခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူမှုအများဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ရုရှားကို ကျော်လွန်ကာ နံပါတ် နေရာသို့ ရောက်ရှိလာခဲ့သည်။

 

Most Read

Most Recent