လာမည့်နှစ်ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် ခုနစ်ခုတွင် မိုးထစ်ချုန်းရွာမည်ဟု မိုးဇလ ထုတ်ပြန်

လာမည့်နှစ်ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် ခုနစ်ခုတွင် မိုးထစ်ချုန်းရွာမည်ဟု မိုးဇလ ထုတ်ပြန်
Published 4 May 2024

လာမည့်နှစ်ရက်အတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ငါးခုနှင့် ပြည်နယ် ခုနစ်ခုတွင် မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင် များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုး ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက် ခြင်းနှင့် မိုးသီးကြွေခြင်း စသည်တို့ဖြစ်ပွားနိုင် ကြောင်း မိုးဇလက မေ ၄ ရက်တွင် သတိပေး ထုတ်ပြန်သည်။

ထို့ပြင် မိုးကြိုကာလများအတွင်း လေထု မငြိမ်သက်မှုများ၊ နေ့အပူချိန်မြင့်တက်မှုများ ကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ ထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးေ<ကခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များ အနေဖြင့် မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြို ကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း လေထုမငြိမ်မသက်မှုများ ကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တ ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ခြင်းကြောင့် ပြည်သူများ အနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင် သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီး စဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင် ရန် မိုးဇလက အသိပေးထားကြောင်း သိရ သည်။

မေ ၂ ရက်ကလည်း ကချင်ပြည်နယ် မိုး ညှင်းမြို့နယ် ပင်းဟဲကျေးရွာတွင် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ နီးပါး ပျက် စီးခဲ့သည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်း မြို့နယ် ဆားမှော်ကျေးရွာတွင်လည်း မေ ၂ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာ ပြီး မိုးကြိုးပစ်မှုကြောင့် နွား ၂၄ ကောင်သေ ဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးညှင်းမြို့အခြေစိုက် မိုးဇလဌာနမှ ဦး သန်းဝင်းက “စိုက်ဆင်းလေပြင်း ဝင်တာပေါ့။ ၃၅၊ ၄၀ မိုင်လောက် ရောက်သွားမယ်။ မိုး တိမ်တောင် အားကောင်းတဲ့နေရာမှာ ဖြစ်တာ။ မိုးညှင်းမြို့ဝန်းကျင်မှာတော့ မိုးသီးတွေ ကြွေ တယ်။ မုတ်သုံမဝင်မချင်းတော့ နေရာကွက် ကြားဖြစ်နိုင်သေးတယ်။ မိုးကြိုးအန္တရာယ် လည်းရှိတယ်”ဟု ပြောကြားသည်။

Most Read

Most Recent