စီးပွားရေး တိုးတက်မှုကို ကူညီရန် ပြည်ပရောက် ရုရှားနိုင်ငံသားများ ရုရှားနိုင်ငံသို့ပြန်လာဟု Bloomberg ဖော်ပြ

စီးပွားရေး တိုးတက်မှုကို ကူညီရန် ပြည်ပရောက် ရုရှားနိုင်ငံသားများ ရုရှားနိုင်ငံသို့ပြန်လာဟု Bloomberg ဖော်ပြ
မော်စကိုမြို့၏တစ်နေရာကို ဧပြီ ၂၉ ရက်တွင် ရိုက်ထားသော ပုံ၌ တွေ့ရစဉ်(Photo: Moskva News Agency)
မော်စကိုမြို့၏တစ်နေရာကို ဧပြီ ၂၉ ရက်တွင် ရိုက်ထားသော ပုံ၌ တွေ့ရစဉ်(Photo: Moskva News Agency)
Published 3 May 2024

အနောက်အုပ်စု၏မကြုံစဖူး ပိတ်ဆို့မှုများကိုခံနေရချိန်တွင် အစပိုင်း၌ နိုင်ငံမှထွက်ပြေးသွားကြသော ရုရှားနိုင်ငံသားများသည် ရုရှားစီးပွားရေးတိုးတက်မှုကို ကူညီမြှင့်တင်ပေးရန် ယခုအခါ ရုရှားနိုင်ငံသို့ ပြန်လာနေ ကြသည်ဟု မေ ၂ ရက်တွင် Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားက ယူကရိန်းကို အင်အားအပြည့်သုံး၍ ကျူးကျော်ခဲ့ပြီးနောက် ခန့်မှန်းခြေ ရုရှားနိုင်ငံသား ၁ ဒသမ ၁ သန်းသည် ၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ရုရှားနိုင်ငံသား ၄၀ မှ ၄၅ ရာခိုင်နှုန်းကြားသည် ပြန်လာခဲ့ကြသည်ဟု မော်စကိုအခြေစိုက်နေရပ်ပြောင်းရွှေ့ရေးလုပ်ငန်း ဖီနီယွန်၏အချက်အလက်များကို Bloomberg က ကိုးကားဖော်ပြခဲ့သည်။

ပြန်လာသူများသည် ၂၀၂၃ ခုနှစ်တွင် ရုရှား၏ ၃ ဒသမ ၆ ရာခိုင်နှုန်း ဂျီဒီပီ၏ ငါးပုံတစ်ပုံနှင့် သုံးပုံတစ်ပုံကြား တက်လာအောင် လုပ်ဆောင်ပေးခဲ့သည်ဟု Bloomberg က ဖော်ပြခဲ့သည်။

အဆိုပါ ရုရှားနိုင်ငံသားများသည် ရုရှားကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိဘဲ ရုရှားမိတ်ဆွေနိုင်ငံများဟု ယူဆရသော နိုင်ငံများတွင်ပင် ပြည်ပနေထိုင်ခွင့်ပါမစ်များကို သက်တမ်းတိုးရာတွင်လည်းကောင်း၊ အသင်း အဖွဲ့ဆိုင်ရာခွဲခြားဆက်ဆံမှုများကြောင့်လည်းကောင်း အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးနောက် နေရပ်သို့ ပြန်လာရန် ရွေးချယ်ခဲ့ကြသည်ဟု ဆိုသည်။

“သူတို့ဟာ မကျေမချမ်းဖြစ်တဲ့သဘောထား၊ နောက်ဆုံးမှာ ပူတင်မှားလွန်းတာမဟုတ်ဘူးဆိုတဲ့ သဘောထားတွေနဲ့ ပြန်ရောက်လာကြတာ ဖြစ်ပါတယ်။ သူတို့က ကျွန်မတို့ကို တကယ်မုန်းနေကြတာပါ”ဟု Social Foresight Group လူမှုဒေဗပညာရှင်အဖြစ် ဆောင်ရွက်နေသူ အန်နာကူလက် ရှိုဗာက ပြောကြားခဲ့သည်။ ရုရှားသို့ပြန်လာသူများကို တွေ့ဆုံမေးမြန်းခဲ့သည့် အန်နာကူ လက်ရှိုဗာ၏ပြောစကားများကို Bloomberg က ကိုးကားဖော်ပြခဲ့သည်။

 ရုရှား၏ ၀ါဒဖြန့်စနစ်သည် အနောက်နိုင်ငံများ၌ ရုရှားအကြောက်ရောဂါကျယ် ကျယ်ပြန့်ပြန့်ရှိနေပြီဖြစ်သောကြောင့် နေရပ်သို့ပြန်လာသည့် ဇာတ်လမ်းများကို အသုံးပြုခဲ့သည်ဟု နိုင်ငံရေးလေ့လာဆန်းစစ်သူ တာတီယာနာစတာနိုဗာယာက ပြောကြားခဲ့သည်။ ရုရှား စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် ပညာအရည်အချင်းမြင့်မားသော အလုပ်သမားများ ပြန်လာခြင်းကို ကောင်းမွန်သောလမ်းကြောင်းအဖြစ် ထုတ်ဖော်ချီးကျူးခဲ့သော ပူတင်အတွက်မူ ၀ါဒဖြန့်လုပ်ငန်းစဉ်သည် ၎င်းင်းမှန်ကန်နေသည်ဟူသော နောက်ထပ်အထောက်အထားကိုပေးခဲ့ပြီး ၎င်းကို လောင် စာဖြည့်ပေးခြင်းဖြစ်သည်ဟု စတာနိုဗာယာက ပြောကြားခဲ့သည်။

ပြည်ပတွင် နေထိုင်နေကြသော ရုရှားနိုင်ငံသားများ မလုံခြုံမှု ခံစားရခြင်းက စစ်ပွဲအချိန်ရှည်ကြာလာချိန်တွင် အမိနိုင်ငံသို့ ရုရှားနိုင်ငံသားများ ပြန်လာသည့် လုပ်ငန်းစဉ်ဆက်လက်ရှိနေဖွယ်ရှိသည်ကို  ညွှန်ပြလျက်ရှိ သည်ဟု ဖလော့ရင့်မြို့ရှိ ဥရောပတက္ကသိုလ် အင်စတီကျု၏ ရုရှားရွှေ့ပြောင်းများ လေ့လာချက်ကို Bloomberg က ကိုးကားဖော်ပြခဲ့သည်။

ရုရှားသည် ၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံသားများ ပြည်ပထွက်ခွာမှု လှိုင်းနှစ်ခုကို ကြုံခဲ့ရသည်။ ပထမလှိုင်းမှာ ယူကရိန်းကို အင်ပြည့်အားပြည့် ကျူးကျော်မှုစတင်ခဲ့ပြီး ကနဦးဖြစ်ပေါ်ခဲ့သော လှိုင်းဖြစ်ပြီး ဒုတိယလှိုင်းမှာ ရုရှားက စစ်သားစုဆောင်းမည်ဟု ထုတ်ပြန်လိုက်သည့် ဆောင်းဦးတွင် ဖြစ်ပေါ်သော လှိုင်းတို့ဖြစ်သည်။ ထွက်ခွာသွားသူအများစုသည် စစ်ပွဲကိုဆန့်ကျင်သောကြောင့်လည်းကောင်း၊ စီးပွားရေးပြိုလဲသွားမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ စစ်မြေပြင်သို့စေလွှတ်ခံရမည်ကို ငြင်းဆန် သောကြောင့်လည်းကောင်းရုရှားမှထွက် ပြေးသွားကြခြင်းဖြစ်သည်။

ပူတင်ကမူ အစောပိုင်းတွင် ယင်းဖြစ်စဉ်များကို မကောင်းသူများ၊ သစ္စာဖောက်များအား သဘာဝကျကျရှင်းလင်းမှုဟု ပြောကြားခဲ့သည်။                             

Ref: Bloomberg

                  

         

Most Read

Most Recent