ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ အဝင်အထွက်ဂိတ် (မလွယ်ပေါက်) များမှ ပြန်လည်သွားလာခွင့်ရရှိ

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ အဝင်အထွက်ဂိတ် (မလွယ်ပေါက်) များမှ ပြန်လည်သွားလာခွင့်ရရှိ
ဘုရားသုံးဆူမြို့ရှိ အဝင်အထွက်ဂိတ် (မလွယ်ပေါက်) တစ်ခုကို တွေ့ရစဉ်
ဘုရားသုံးဆူမြို့ရှိ အဝင်အထွက်ဂိတ် (မလွယ်ပေါက်) တစ်ခုကို တွေ့ရစဉ်
Published 21 August 2024

သြဂုတ် ၁၆ ရက်မှစတင်ကာ ပိတ်ထားခဲ့ သည့် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ရှိ အဝင်အထွက် မလွယ်ပေါက်ဂိတ်များ သြဂုတ် ၂၀ ရက်တွင် ပြန်ပွင့်သွားပြီဖြစ ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၂၀ ရက် နံနက်ပိုင်းမှစတင်ကာ ဘုရားသုံးဆူမြို့ ရပ်ကွက် (၁) ရှိ ကျောင်းပေါက် ဝဂိတ်အပါအဝင် နယ်စပ်ရှိ နေအိမ်ဘေးလမ်း အပေါက်များမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ အဝင် အထွက်ပေးလုပ်နေပြီဖြစ်ကြောင်း ဘုရားသုံး ဆူဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အဲ့ဒီအပြင်ကို ထိုင်းဘက်ခြမ်းကိုသွားမယ့် ကော်ဖီမစ်အ ထုပ်တို့၊ ဘာတို့ အဲ့ဒါတွေကို ပြန်ပို့ခွင့်ပြုလိုက် တယ်။ ဆန်၊ ကြက်သွန်၊ ငရုတ်သီးမှုန့်တွေကို လည်း ပြန်ပေးဝင်တယ်။ နယ်စပ်ကို ရုတ်တရက် ပိတ်လိုက်တော့ မြန်မာဘက်ခြမ်းမှာ ကျန်နေ တဲ့ ကုန်တွေကိုတော့ ပေးတက်ပါတယ်”ဟု ပြောကြားသည်။

ထိုင်း - မြန်မာနယ်စပ် မလွယ်ပေါက်ဂိတ် များအား ပြန်လည်ပေးဖြတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်အ လုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သ မားများ ပြန်လည်အဆင်ပြေသွားကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကျောင်းတက် နေကြသည့် ကျောင်းသား ကျောင်းသူများအ တွက် ကျောင်းကြိုပို့ယာဉ်များလည်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း၊ ရှမ်းကုန်စျေး (ထိုင်း ဘက်ခြမ်း) တွင် တစ်ဆွဲ၊ တစ်ပိုးသွားရောက် ရောင်းကြသူများလည်း ပြန်လည်းအဆင်ပြေ သွားကြောင်း ၎င်းဒေသခံက ဆိုသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလ ဘူရီမြို့နှင့် ထောင်ဖာပွန်မြို့တို့အား ဆက် သွယ်ထားသည့် အမှတ် - ၃၂၃ လမ်းမကြီး ပေါ်တွင် ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင် ရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ ဒေသခံ များက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ (ရှမ်းကုန်း) တွင် ပြီးခဲ့သည့် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ပြီးနောက် ဘုရားသုံးဆူ နယ်စပ်ရှိ အဝင်အထွက်ပြုလုပ်နေကြသည့် မလွယ်ပေါက်များ၊ အတက်အဆင်းပြုလုပ်နေ သည့် ဂိတ်များအား နှစ်ဖက်လုံးက ပိတ်ထားခဲ့ ကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ကုန်စည်စီး ဆင်းမှု ရပ်တန့်သွားသည့်အပြင် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြ မည့် အလုပ်သမား၊ ကျောင်းသား ကျောင်း သူများနှင့် စျေးသည်များလည်း သွားလာ၍ မရဖြစ်နေခဲ့ရသည်။

ထိုသို့ အခက်အခဲများ ရှိလာသည့်အ တွက် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ နယ်စပ်အတက်အဆင်း မလွယ်ပေါက်များ ပိတ်ဆို့ထားခြင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ် ပေးရန် ဘုရားသုံးဆူဒေသခံများက သြဂုတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်က နှစ်နိုင်ငံနယ်စပ် ဂိတ်နေရာတွင် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ထိုအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား နယ်စပ်တာဝန်ရှိသူများအ ကြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီးသည့်အတွက် ကြောင့် ယခုကဲ့သို့ နှစ်နိုင်ငံ အဝင်အထွက်ပြု လုပ်ကြသည့် မလွယ်ပေါက်များ၊ အတက်အ ဆင်းဂိတ်များ ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ယူ ဆကြောင်း ဘုရားသုံးဆူဒေသခံများက သုံး သပ်ပြောကြားသည်။

ထိုင်း - မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ကုန်သွယ် ရေးဂိတ် ၂၂ ခုကို ထိုင်း-မြန်မာဒေသအာဏာ ပိုင်များအချင်းချင်း နားလည်မှုဖြင့် ညှိနှိုင်း ဖွင့်လှစ်ထားပြီး အခြေအနေရ မကြာခဏပိတ် ခြင်း၊ ပြန်ဖွင့်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း လည်း သိရသည်။

ထိုင်း - မြန်မာ နှစ်နိုင်ငံအစိုးရများမှ တရားဝင်ဖွင့်လှစ်ပေးထားသည့် နယ်စပ်ကုန် သွယ်ရေးဂိတ်များမှာ တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ထီးခီး-နမ့်ဖုရော်နှင့် ကော့ သောင်း-ရနောင်း ဂိတ်လေးခုရှိပြီး ယင်းနယ် စပ်ကုန်သွယ်ရေးဂိတ်များမှ ပတ်စပို့ဖြင့် လည်းကောင်း၊ ယာယီခရီးသွားလာခွင့်လက် မှတ်ဖြင့်လည်းကောင်း အပြန်အလှန်သွားလာ နိုင်ကြောင်း သိရသည်။

 

 

-------------

 

Most Read

Most Recent