■ အာနိုးလ်အတွက် ဘယ်နေရာအကောင်းဆုံးလဲ

■ အာနိုးလ်အတွက် ဘယ်နေရာအကောင်းဆုံးလဲ
Published 22 August 2024
Taw Linn

ဒီမေးခွန်းက ဘောလုံးပရိသတ်တွေ၊ ဘောလုံးဝေဖန်သူတွေနဲ့ နည်းပြတွေ သိချင်နေတဲ့ မေးခွန်းဖြစ်တယ်။ အသက် (၂၅) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ လီဗာပူးလ်နဲ့အတူ ၂၀၂၄-၂၅ ရာသီသစ်ကိုစတင်နေပြီဖြစ်ပြီး အပေါ်က မေးခွန်းရဲ့အဖြေကို အာနယ်ဆလော့ အဖြေပေးနိုင်မလား လူတိုင်း သိချင်နေတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ သူ့ကစားသမားဘဝအများစုကို ညာနောက်ခံလူအဖြစ် ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ခံစစ်စွမ်းရည်နဲ့ပတ်သက်ပြီး သံသယတွေကတော့ အမြဲလိုလိုရှိနေတယ်။ တချို့က သူ့ကို ကွင်းလယ်မှာပဲ အသုံးပြုသင့်တယ်လို့ ယုံကြည်နေကြတယ်။ ဂယ်ရီနဗီးလ်ကတော့ အာနိုးလ်ကို  မွေးရာပါရပါမီရှင်လို့ သတ်မှတ်ပြီး အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဘောလုံး လောကမှာ ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားလို့ ဆိုတယ်။

ဒီမေးခွန်းက ဘောလုံးပရိသတ်တွေ၊ ဘောလုံးဝေဖန်သူတွေနဲ့ နည်းပြတွေ သိချင်နေတဲ့ မေးခွန်းဖြစ်တယ်။ အသက် (၂၅) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ လီဗာပူးလ်နဲ့အတူ ၂၀၂၄-၂၅ ရာသီသစ်ကိုစတင်နေပြီဖြစ်ပြီး အပေါ်က မေးခွန်းရဲ့အဖြေကို အာနယ်ဆလော့ အဖြေပေးနိုင်မလား လူတိုင်း သိချင်နေတယ်။ အာနိုးလ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ သူ့ကစားသမားဘဝအများစုကို ညာနောက်ခံလူအဖြစ် ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ခံစစ်စွမ်းရည်နဲ့ပတ်သက်ပြီး သံသယတွေကတော့ အမြဲလိုလိုရှိနေတယ်။ တချို့က သူ့ကို ကွင်းလယ်မှာပဲ အသုံးပြုသင့်တယ်လို့ ယုံကြည်နေကြတယ်။ ဂယ်ရီနဗီးလ်ကတော့ အာနိုးလ်ကို  မွေးရာပါရပါမီရှင်လို့ သတ်မှတ်ပြီး အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်ကတော့ ကမ္ဘာ့ဘောလုံး လောကမှာ ဘောလုံးပေးပို့မှုအကောင်းဆုံးကစားသမားလို့ ဆိုတယ်။ အာနိုးလ်က ယူရို ၂၀၂၄ ပြိုင်ပွဲကစားခဲ့တာကြောင့် လီဗာပူးလ်ရဲ့ အမေရိကခရီးစဉ်မှာ မပါခဲ့ဘူး။ ဆီဗီလာနဲ့ ခြေစမ်းပွဲနဲ့ စနေနေ့က ကစားခဲ့တဲ့ အစ်ဝစ်ချ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲတွေမှာတော့ အာနိုးလ်က ညာနောက်ခံနေရာမှာ ကစားခဲ့တယ်။ အဲဒီနေရာမှာ လူငယ်ကစားသမား ဘရက်ဒ်လေကလည်း ခြေစွမ်းပြနေတယ်။ ဒီတော့ အခုအချိန်က အာနိုးလ်ကို ကွင်းလယ်မှာ နေရာပိုပေးရမယ့် အချိန်ဖြစ်လာပြီလား။ 

■ ခေါင်းတစ်လုံးမက သာတယ်

အာနိုးလ်ရဲ့ ကစားသမားဘဝအစောပိုင်း တိုးတက်မှုတွေနဲ့ပတ်သက်လို့ လီဗာပူးလ်-၂၁ လက်ထောက်နည်းပြဟောင်း ဂျန်ကင်စ်ကတော့ ဒီလိုပြောတယ်။ "အာနိုးလ်က ပတ်လင်ဒါရဲ့ လီဗာပူးလ်-၁၆ အသင်းမှာ ကွင်းလယ်မှာ ကစားခဲ့တာပါ။ စိန်ပွင့်ပုံစံကွင်းလယ်မှာ အာနိုးလ်က ညာဘက်မှာ ကစားခဲ့ပြီး တစ်ပွဲလုံး သူ့ခြေသူ့လက်နဲ့ ကင်းတာ မရှိပါဘူး။ နေးလ်ခရစ်ချ်လေရဲ့ ယူ-၁၈ အသင်းကတော့ အာနိုးလ်ကို ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းတိုးတက်အောင် လုပ်ပေးခဲ့တယ်။ ဒါကြောင့် အာနိုးလ်ဟာ ယူ-၁၈ အသင်းမှာ ညာနောက်ခံလူအဖြစ်ရော ညာတောင်ပံတိုက်စစ်ကစားသမားအဖြစ်ပါ ကစားခဲ့တယ်။ ယူ-၁၆ အသင်းကိုမရောက်ခင်က အာနိုးလ်ဟာ မိုက်ကယ်ဘေလီရဲ့ ယူ-၁၅ အသင်းမှာ ဗဟိုခံစစ်မှူးအဖြစ်ရော ခံစစ်အစွန်လူအဖြစ်ပါ ကစားခဲ့တာပါ"လို့ ဆိုတယ်။ အခု ဘလက်ပူးလ်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ခရစ်ချ်လေ ရဲ့ ယူ-၁၈ အသင်းမှာ အာနိုးလ်ဟာ ညာနောက်ခံလူအဖြစ် ကျော်ကြားလာခဲ့တယ်။ ၂၀၁၆-၁၇ ရာ သီမတိုင်ခင် ရာသီကြိုကာလမှာတော့ အသက် (၁၇) နှစ်သာ ရှိသေးတဲ့ အာနိုးလ်ဟာ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းကြီးနဲ့အတူ လေ့ကျင့်ခွင့်ရနေပါပြီ။ 

    

အခု ဝုလ်ဗ်အသင်းရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဂျန်ကင်စ်က "ရာသီကြို ပြင်ဆင်မှုကတော့ အာနိုးလ်ပြန်လာပြီး လီဗာပူးလ် ယူ-၂၁ အတွက် ကစားခဲ့တဲ့အခါ ရာသီကြိုခြေစမ်းပွဲတုန်းကဝတ်ခဲ့တဲ့ လီဗာပူးလ်အသင်းကြီးရဲ့ ဂျာစီကိုဝတ်ပြီး ကစားခဲ့တာကို ကျွန်တော် မှတ်မိနေတုန်းပါ။ ကျွန်တော်တို့ လက်စတာအသင်းနဲ့ကစားတဲ့ အိမ်ကွင်းပွဲကို ယာဂန်ကလော့ပ် လာကြည့်တယ်။ အဲဒီပွဲ ပထမပိုင်းမှာ (၄-ဝ) ဂိုးနဲ့ နိုင်နေပြီး အာနိုးလ်က ညာတောင်ပံကနေ ဂိုးအားလုံးကိုဖန် တီးပေးခဲ့တယ်။ အာနိုးလ်က သူ့အနေနဲ့ တခြားကစားသမားတွေထက် ၃၊ ၄ ဆလောက် ပိုကောင်းနေပြီဆိုတာ ပြသနိုင်တယ်။ နောက်တစ်ပတ်အကြာမှာ စပါးနဲ့ အဝေးကွင်းပွဲ ကစားတယ်။ အဲဒီပွဲမှာလည်း အာနိုးလ်က လက်စတာနဲ့ပွဲတုန်းကလိုပဲ စွမ်းဆောင်နိုင်ခဲ့တယ်။ သူဟာ ကွင်းထဲမှာ တခြားကလေးတွေထက် ခေါင်းတစ်လုံးတင်မက မြင့်နေပြီဆိုတာကို ထပ်ပြီးသက်သေခဲ့တယ်။ အဲဒီပွဲမှာ အာနိုးလ်ဟာ အဝေးကြီးကနေ ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာပဲ အာနိုးလ်ဟာ လီဗာပူးလ်အသင်းကြီးနဲ့အတူ လိဂ်ဖလားမှာ ကစားခွင့်ရတော့ပါပဲ"လို့ ဆိုတယ်။ အာ နိုးလ်ဟာ ၂၀၁၇ ဇန်နဝါရီမှာ ကစားခဲ့တဲ့ မန်ယူနဲ့ (၁-၁)ဂိုးနဲ့ သရေကျတဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့်ရခဲ့တယ်။ "အာနိုးလ်ရဲ့ ပရိုကစားသမားဘဝက အဲဒီရာသီမှာ စတင်ခဲ့တာပါပဲ။ သူဟာ အဲဒီရာသီမှာ ကစားသမားကောင်းတစ်ယောက်ဖြစ်ဖို့ အရှိန်ရခဲ့တာပါ"လို့ ဂျန်ကင်စ်က ဆိုတယ်။ 

■ ပြောင်းလဲမှု

လီဗာပူးလ်၊ ဘလက်ဘန်းနဲ့ အိုင်ယာလန်လက်ရွေးစင်အသင်းတွေမှာ ကစားခဲ့တဲ့ ဂျေဆန်မက်အက်စ်တာဟာ အာနိုးလ်လိုပဲ ညာနောက်ခံလူအဖြစ်ကနေ ဗဟိုကွင်းလယ်လူအဖြစ် ကစားခဲ့တာပါ။ မက်အက်စ်တာက "ဘောလုံးပွဲတွေက ပြောင်းလဲသွားပါပြီ။ အခုခေတ်မှာ ခံစစ်အစွန်လူတွေက တောင်ပံကစားသမားတွေလိုပါပဲ။ သူတို့ တိုက်စစ်လိုက်ကစားရတယ်။ ပြိုင်ဘက်ပယ်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်ခံတာရယူတာမျိုးတွေ ရှိလာတယ်။ ကွင်းလယ်ကစားသမားတွေလည်း အခုခေတ်မှာ အဲဒီလိုမျိုးကစားနေတာပါ။ အာနိုးလ်က အဲဒီလိုအရည်အချင်းတွေအများကြီး ရှိပါတယ်။ အာနိုးလ်ရဲ့ လူငယ်ကစားသမားဘဝနဲ့ အခုအချိန်ကို ချိန်ထိုးပြီး ကြည့်လိုက်မယ်ဆိုရင် သူ ပြောင်းလဲလာတာကို တွေ့ရမှာပါ။ လီဗာပူးလ် မှာ အာနိုးလ်ရဲ့ ပြောင်းလဲမှုက မြင်သာတယ်။ သူ့ရဲ့ ဘောလုံးပေးပို့မှု၊ အမြင်၊ ကွင်းလယ်ကစားသမားတစ်ယောက်လို ဖန်တီးမှုတွေက အာနိုးလ်ကို ညာနောက်ခံလူဘဝကနေ ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားဖို့ ခွင့်ပြုနေတာပါ"လို့ ဆိုတယ်။ 

    

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာ အာနိုးလ်ဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်(၁၈) ပွဲကျော်လောက် ပွဲထွက်ကစားခွင့်ရခဲ့တယ်။ အဲဒီရာသီ ပရီးမီးယားလိဂ်မှာ အာနိုးလ်ဟာ ဂိုးဖန်တီးမှု (၁၂) ကြိမ်လုပ်နိုင်ခဲ့ပြီး တတိယအများဆုံးဖြစ်ခဲ့တယ်။ ၂၀၁၉-၂၀ ရာသီမှာတော့ အာနိုးလ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၁၃) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တယ်။ ၂၀၂၁-၂၂ ရာသီမှာလည်း အာနိုးလ်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၁၂) ကြိမ်ထိ လုပ်နိုင်ခဲ့ပြီး သူ့အသင်းဖော် ဆာလာပြီးရင် အကောင်းဆုံးဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အာနိုးလ်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပျမ်းမျှ မိနစ် (၉၀)ကို ဖန်တီးမှု (၅.၂၅) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တယ်။ ပြီးတော့ အာနိုးလ်ရဲ့ ဂိုးဖန်တီးမှုက ပျမ်းမျှမိနစ် (၉၀) ကို (ဝ.၃၇) ကြိမ်၊ ဘောလုံးပေး ပို့မှု (၈၇.၇၁) ကြိမ်နဲ့ ဂိုးရနိုင်တဲ့ ပေးပို့မှု (၈.၆၉) ကြိမ် ပြုလုပ်နိုင်ခဲ့တယ်။ ဒါတင်မကသေးပါဘူး။ အာနိုးလ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဝေးဘောပေးပို့မှု (၁၄၇) ကြိမ်နဲ့ ညာတောင်ပံ ကနေ ဘယ်တောင်ပံ ဘောလုံးပေးပို့မှု (၃၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး Outfield Player တွေထဲမှာ အ ဆင့် (၈) ချိတ်ခဲ့တယ်။ 

"အာနိုးလ်ရဲ့ ကစားသမားဘဝအစ ဖန်တီးမှုတွေကို ကြည့်မယ်ဆိုရင် တောင်ပံတွေက လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ပိုင်း ဂိုးဖန်တီးမှုတွေက ကွင်းရဲ့အလယ်ခြမ်းကနေ လာတာကို တွေ့ရပါလိမ့်မယ်။ အာနိုးလ်က ပွဲအခြေအနေကို ကြည့်ပြီး ပြောင်းလဲနိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပါတယ်။ သူ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ဗီဒီယို တွေကို ကြည့်မယ်ဆိုရင် အခု သူ လုပ်ပြနေတာတွေက သူ့ကလေးဘဝတုန်းက အတိုင်းပါပဲ။ အာနိုးလ်ဟာ သူ့ရဲ့ခွန်အားနဲ့ စွမ်းရည်ကို လိုအပ်တဲ့နေရာမှာ အပြည့်အဝအသုံးချနိုင်သူဖြစ်သလို အခြေအနေလိုက်ပြီး အံဝင်အောင်ကစားနိုင်သူပါ"လို့ ဂျန်ကင်စ်က ဆိုတယ်။ 

■ ဘယ်နေရာမှာ သုံးမလဲ

ကစားသမားဘဝမှာ ညာနောက်ခံလူအဖြစ်ကနေ ကွင်းလယ်လူအဖြစ် ပြောင်းလဲကစားခဲ့တဲ့ မက်အက်စ်တာ သူ့ရဲ့ကစားသမားဘဝအပြောင်းအလဲကို အခုလိုပြောတယ်။ "ကျွန်တော်က ညာနောက်ခံလူအဖြစ် စတင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ညာတောင်ပံမှာ ကစားတယ်။ ဘော်လ်တန်မှာ ကစားနေတုန်းက ဘရူရိချ် ရောက်လာတော့ ကျွန်တော် ဗဟိုကွင်းလယ်ကစားသမားအဖြစ် ကစားရတယ်။ ကွင်းလယ်မှာ ကစားတဲ့အခါမှာတော့ တစ်ကွင်းလုံးကို ခေါင်းလှည့်ပြီးကြည့်ဖို့လိုတယ်ဆိုတာကို ကျွန်တော် သိလာတယ်။ ကွင်းလယ်မှာ ကစားတဲ့အခါ ကိုယ့်နောက်ကျောမှာ ဘာတွေရှိတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို သိဖို့လိုသလို၊ ခန္ဓာကိုယ်ကို ဖွင့်ကစားဖို့နဲ့ ပြိုင်ဘက်တွေဆီမှာ ဘောလုံးမဆုံးရှုံးအောင်နဲ့ အခွင့်အရေးရလာရင် ဂိုးသွင်းနိုင်အောင် ကြိုးစားရတယ်။ ဗဟိုကွင်းလယ်ကစားသမားအတွက် အရေးကြီးဆုံးအရာကတော့ ပွဲကို ဖတ်တတ်ဖို့နဲ့ ဘယ်အချိန် ဘယ်နေရာမှာ ရှိနေဖို့လိုတယ်ဆိုတာပါပဲ"လို့ မက်အက်စ်တာက ဆိုတယ်။ 

    

အက်စ်တာပြောတဲ့ အရည်အချင်းအားလုံးကို အာနိုးလ် ပိုင်ဆိုင်ထားတယ်။ အာနိုးလ်အနေနဲ့ ညာနောက်ခံနေရာကနေ ကွင်းလယ်ကို ပြောင်းကစားခဲ့အခါ မက်အက်စ်တာ ပြောသလို အလိုက်သင့်ပြောင်းကစားနိုင်တာကိုလည်း မြင်တွေ့ရမှာပါ။ ၂၀၂၄ ယူရိုပြိုင်ပွဲမှာတော့ အာနိုးလ်ဟာ အင်္ဂလန်ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်နဲ့ တွဲကစားခဲ့ပေမဲ့ ခြေစွမ်းမပြနိုင်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မက်အက်စ်တာက "အာနိုးလ်ကို ဘောလုံးပေးပို့မှု Genius အဖြစ် ကျွန်တော်တို့ မြင်ကြတယ်။ သူ ဘောလုံးကိုင်ကစားတာနဲ့ ဖန်တီးပေးတာတွေ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ မော်ဒန်ဘောလုံးမှာ ကွင်းလယ်ကစားသမားတွေအနေနဲ့ ပြိုင်ဘက်တွေကိုလည်း တားဆီးနိုင်ဖို့ လိုပါတယ်။ အာနိုးလ်က အင်္ဂလန်မှာ အဲဒီအပိုင်းအားနည်းခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ အာနိုးလ်က ခံစစ်အားနည်းတာကြောင့် သူ့ကို deep-lying နေရာမှာ သုံးလို့ မရပါဘူး။ အင်္ဂလန်မှာ သူက တရားခံ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်"လို့ ဆိုတယ်။ 

    

လီဗာပူးလ်နည်းပြသစ် ဆလော့က သူ့အနေနဲ့ ၄-၃-၃ သို့မဟုတ် ၄-၂-၃-၁ ပုံစံနဲ့ ကစားလေ့ ရှိတယ်လို့ ဆိုပါတယ်။ အာနိုးလ်ကို ဘယ်နေရာမှာ အသုံးပြုမလဲဆိုတဲ့ မေးခွန်းကိုတော့ ဆလော့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ ဂျန်ကင်စ်ကတော့ "Hybrid Full-back က အာနိုးလ် အတွက် အကောင်းဆုံးဖြစ်နေဆဲပဲလို့ ကျွန်တော် ထင်ပါတယ်။ အာနိုးလ်အနေနဲ့ ညာနောက်ခံနေရာကနေ ကွင်းလယ်ကိုတက်ကစားနိုင်တယ်။ ပြိုင် ဘက်တွေ ဘောလုံးကိုင်ထားချိန်မှာ အာနိုးလ်က ညာနောက်ခံနေရာမှာ ကစားမှာဖြစ်ပြီး ကိုယ့်အသင်းက ဘောလုံးကိုင်ထားချိန်မှာ သူ ကွင်းလယ်တက်ကစားမယ်။ ကလော့ပ်က အာနိုးလ်အနေနဲ့ တစ်ခါတလေ အစွန်မှာ ရှိနေမယ်။ တစ်ခါတလေ ကွင်းလယ်မှာ ရှိနေမယ်လို့ ဆိုတယ်။ ဘယ်နေရာမှာပဲ ကစားကစား အာနိုးလ်က အကောင်းဆုံးစွမ်း ဆောင်နိုင်ဦးမှာပါ"လို့ ဆိုတယ်။