ကချင်ပြည်နယ် ပြည်သူ့ပါတီကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါတီ ရှိလာ

ကချင်ပြည်နယ် ပြည်သူ့ပါတီကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါတီ ရှိလာ
Published 20 August 2024

ကချင်ပြည်နယ်ပြည်သူ့ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၁ ပါ တီ ရှိလာပြီဖြစ်ကြောင်း UEC က သြဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇန ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေး၊ စိမ်းမြဧရာပန်းခြံအနီး၊ အမှတ် (၃၂၈) တွင် ပါတီ ရုံးချုပ်ဖွင့်လှစ်ထားရှိသော ကချင်ပြည်နယ် ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)]ကို ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ  Kachin State People’s Party (KSPP)  ၏ မှတ်ပုံ တင်အမှတ်မှာ ၅၁ ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက်အထိ UEC က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါ တီများမှာ (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ဒီမိုကရက် တစ်ပါတီ၊ (၃) ဒီမိုကရေစီပါတီသစ် (ကချင်)၊ (၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ (၅)  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့်ဦးဆောင်ပါတီ၊ (၇) တိုင်းလျန် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၈) ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါ တီ၊ (၉) ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါ တီ၊ (၁၀) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ (၁၁) မြိုတိုင်းရင်းသားပါတီ၊ (၁၂) လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူး လေးပါတီ)၊ (၁၃) ခမီအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ (၁၄) အခါအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ (၁၅) အင်းအမျိုးသားအဖွဲ့ ချုပ်ပါတီ၊ (၁၆) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ် ရေးပါတီ၊ (၁၇) ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ၊ (၁၈) ကရင်ပြည်သူ့ပါတီ၊ (၁၉) ရှမ်း ပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ (၂၀) နာဂ အမျိုးသားပါတီ၊ (၂၁) ဓနုတိုင်းရင်းသားလူမျိုး များ ဒီမိုကရေစီပါတီ၊ (၂၂) ပြည်သူ့ရှေ့ဆောင် ပါတီ၊ (၂၃) အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ (၂၄) အမျိုးသားနိုင်ငံရေးမဟာ မိတ်များအဖွဲ့ချုပ်ပါတီ၊ (၂၅) ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီ၊ (၂၆) ပြည်သူ့အလုပ်သမား ပါတီ၊ (၂၇) မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၂၈) ရှမ်းနှင့် တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ၊ (၂၉) ဒီမိုက ရက်တစ်ပါတီ၊ (၃၀) ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ၊ (၃၁) အမျိုးသမီးပါတီ (မွန်)၊ (၃၂) မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ (၃၃) အမျိုးသားဒီမိုကရေစီပါတီသစ်၊ (၃၄) အမျိုး သားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ (၃၅) “၀” အမျိုးသားပါတီ၊ (၃၆) ခူမီးအမျိုးသားပါ တီ၊ (၃၇) အမျိုးသားနိုင်ငံရေးအားမာန်သစ် ပါတီ၊ (၃၈) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၃၉) ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ (၄၀) မြန် မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ (၄) ခေတ်သစ်ပြည်သူ့ပါတီ၊ (၄၂) လေဘာပါတီ၊ (၄၃) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ (၄၄) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန် မာနိုင်ငံ) ပါတီ၊ (၄၅) ပြည်ထောင်စု မြန်မာနိုင် ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ (၄၆) လူထုပါတီ၊ (၄၇) ပြည်သူ့ပါတီ၊ (၄၈) မွန်တိုး တက်ရေးပါတီ၊ (၄၉) ငြိမ်းချမ်းရေးအကျိုး ဆောင်ပါတီ၊ (၅၀) မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီနှင့် (၅၁) ကချင်ပြည်နယ်ပြည်သူ့ ပါတီတို့ ဖြစ်ကြသည်။

သို့သော် UEC အနေဖြင့် ရှမ်းပြည်ကိုး ကန့်ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နို ဝင်ဘာ ၂၀ ရက် တွင်လည်းကောင်း၊ မြိုတိုင်း ရင်းသားပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်၌လည်းကောင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သောကြောင့် မှတ်ပုံတင်ခွင့်ပြု ထားသည့်ပါတီ ၅၁ ပါတီရှိသော်လည်း တည် ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီသာ ကျန်ရှိကြောင်း သိရသည်။

Most Read

Most Recent