မြစ်သားမြို့နယ် ဒါးရယ်ကောင်းကျေးရွာတွင် မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏အစ်ကိုဝမ်းကွဲတစ်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရ

မြစ်သားမြို့နယ် ဒါးရယ်ကောင်းကျေးရွာတွင် မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏အစ်ကိုဝမ်းကွဲတစ်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရ
Published 29 June 2024

မြစ်သားမြို့နယ် ဒါးရယ်ကောင်းကျေးရွာတွင် မူလတန်းပြဆရာမတစ်ဦးနှင့် ၎င်း၏အစ်ကိုဝမ်းကွဲတစ်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန် ၂၄ ရက် ည ၈ နာရီခွဲတွင် မြစ်သားမြို့နယ် ဒါးရယ်ကောင်းကျေးရွာ၌သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျွဲဆွဲကျေးရွာ အမကကျောင်းမှ မူလတန်းပြဆရာမ မခိုင်ဇာ လင်း(၃၃ နှစ်)သည် ၎င်းင်း၏နေအိမ်၌ အစ်ကိုဝမ်းကွဲ ဦးဇော်ဇော်ဝင်း (၄၀ နှစ်) နှင့်အတူ ရှိ နေစဉ် PDF သုံးဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent