ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက် လေးပေကျော်ရောက်နေပြီး တစ်နာရီလျှင် သုံးလက်မခန့် တက်နေဆဲဖြစ်

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်အထက် လေးပေကျော်ရောက်နေပြီး တစ်နာရီလျှင် သုံးလက်မခန့် တက်နေဆဲဖြစ်
Published 1 July 2024

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ဇူလိုင် ၁ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ  စိုးရိမ်ရေမှတ်အထက် လေးပေကျော်ရောက်နေပြီး တစ်နာရီလျှင် သုံးလက်မခန့် တက်နေဆဲဖြစ်ကြောင်း မြစ်ကြီးနားမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

လက်ရှိတွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ကာ ၁၃၃၀ စင်တီမီတာကို ရောက်ရှိနေခြင်းဖြစ်သည်။ ဇွန် ၃၀ ရက် ညနေ ၆ နာရီခွဲတွင် စိုးရိမ်ရေမှတ်ကို ရောက်ရှိခဲ့ပြီးနောက် ၁၂ နာရီအတွင်း လေးပေးနီးပါး ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ လယ်ကုန်း၊ ကြက်ပေါင်ခြံ ၊မြို့သစ်ကြီး၊ ရမ်ပူ၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရီ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်းရပ်ကွက်အနိမ့်ပိုင်းများ ရေဝင်ရောက်နေဆဲဖြစ်သည်။ ညတွင်းချင်းတက်လာသည့် ရေအခြေအနေကြောင့် လယ်ကုန်းရပ်ကွက်ရှိ စစ်ဘေးကြောင့် ပြောင်းလာသည့် ရွှေ့ပြောင်းအလုပ်သမား အိမ်ထောင်စုများ လူဦးရေရာနဲ့ချီ အခက်တွေ့ကြရသည်။

“မနက် လေးနာရီလောက်ကြီး ကူပါ။ ကယ်ပါဆိုတော့ ဘယ်လူမှုကူညီရေးမှ ဖုန်းဆက်မရဘူး။ အခုလည်း ကူပါကယ်ပါ အော်နေကြတုန်း။ မနက်မိုးလင်းဖို့ပဲ ဆုတောင်းနေရတယ်။ လျှပ်စစ်မီးမရဘူး။ ဖုန်းလိုင်းတွေလည်း အားလုံးမရဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းမြင်းမူမြို့တို့တွင် ခြောက်ပေမှ ဆယ်ပေခန့် မြင့်တက်လာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ဧရာဝတီမြစ်ရေသည် ၂၀၀၄ ခုနှစ်တွင် ၁၄၀၇ စင်တီမီတာသိုလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ၁၄၁၁ စင်တီမီတာသို့လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် ၁၄၁၃ စင်တီမီတာသို့လည်းကောင်း ရောက်ရှိခဲ့သည်။

Most Read

Most Recent