မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် မစောတံတားပေါ်တွင် မကျိုးဘဲကျန်ခဲ့သော တံတားတစ်ခြမ်းမှ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ပြင်ဆင်မှုများလုပ်ဆောင်

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် မစောတံတားပေါ်တွင် မကျိုးဘဲကျန်ခဲ့သော တံတားတစ်ခြမ်းမှ မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ပြင်ဆင်မှုများလုပ်ဆောင်
Published 25 May 2024

မေလ ၂၃ ရက် နံနက်စောပိုင်း က မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ရန်ကုန် - မော်လ မြိုင် ကားလမ်းပေါ်ရှိ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် မစောတံတားတွင် မကျိုး ဘဲ ကျန်ခဲ့သော တံတားတစ်ခြမ်းမှ မော်တော် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် ပြင် ဆင်မှုများလုပ်ဆောင်နေပြီး ပြင်ဆင်ပြီးပါက မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မစောတံတားဝန်းကျင်အား မေ ၂၅ ရက် နံနက်အစောပိုင်းအချိန်က လုံခြုံ ရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ် ဆောင်ခဲ့ပြီးသည့်နောက် မကျိုးဘဲ ကျန်ခဲ့ သော တံတားတစ်ခြမ်းအား ရွှေသံလွင်ဟိုင်း ဝေးကုမ္ပဏီမှ ပြန်လည်ပြုပြင်မှုများ လုပ် ဆောင်နေကြောင်း ရွှေသံလွင် ဟိုင်းဝေး ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြား သည်။

၎င်းကဆက်လက်ပြီး “ တံတား ပေါ်ကနေ မော်တော်ယာဉ်ငယ်တွေ ယာယီ သွားလာလို့ရအောင်လို့ ပြုပြင်မှုတွေ လုပ် ဆောင်နေပါပြီ။ ပြီးသွားရင်တော့ ယာဉ် ငယ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

မစောတံတားအား ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်ရန်အတွက် ယမန်နေ့က တာဝန်ရှိသူများလာရောက်စစ်ဆေးစဉ် ဒရုန်း ဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ နံနက် အစောပိုင်းအချိန်က မွန်ပြည်နယ် ဘီးလင်း မြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု တောင် ကလေးကျေးရွာအထွက် ရန်ကုန် - မော်လ မြိုင် ကားလမ်းမပေါ်ရှိ တံတားအရှည် ၁၀၆ ပေ၊ အကျယ် ၂၄ ပေရှိ တံတားအမှတ် (၁/ ၁၃၀) ဒေသအခေါ် မစောတံတား မှာ မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်းနှင့် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့်  မစောတံတားမှာ တံတား၏ သုံးပုံ နှစ်ပုံမှာ ချောင်းအတွင်းကျိုးကျပျက်စီးခဲ့ကြောင်း သိရ သည်။

ထို့အပြင် မိုင်းခွဲဖျက်ဆီးခံထားရသည့် မစောတံတားချောင်းအတွင်း ဆိုင်ကယ် သုံး စီး ပြုတ်ကျခဲ့သည့်အတွက် ဆိုင်ကယ်စီးနင်း လာသူ အမျိုးသား တစ်ဦးသေဆုံးကာ အမျိုး သား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း လူမှုကူညီကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။         

Most Read

Most Recent