မန္တလေးမြို့ တွင် မီးသွေးမီးအသုံးပြုရာမှတဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ လူနေအိမ် ၃၆ လုံး မီးလောင်ဆုံးရှုံး

မန္တလေးမြို့ တွင် မီးသွေးမီးအသုံးပြုရာမှတဆင့် အနီးရှိထရံသို့ မီးကူးစက်ကာ လူနေအိမ် ၃၆ လုံး မီးလောင်ဆုံးရှုံး
■ဓာတ်ပုံ-ကိုသန်းဌေး
■ဓာတ်ပုံ-ကိုသန်းဌေး
Published 10 May 2024

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ သိမ်ကုန်းရပ် ၇၈ လမ်း၊ လမ်းနှင့် လမ်းကြားတွင် ၁၅ ပေ × ၃၀ ပေ သွပ်မိုးထရံကာတစ်ထပ်နေအိမ်တွင် မေလ ၁၀ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးသွေးမီးအသုံးပြုပြီး မီးမငြိမ်းဘဲထားခဲ့ရာမှ အနီးရှိထရံသို့ မီးကူးစက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၆ လုံး  မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သိရသည်။

မီးလောင်ရာသို့ Level 2 ယာဉ်အုပ်စု မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၇၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ဦးတို့ဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် ၁၂ နာရီ အချိန်ခန့်တွင်မီးလုံးဝငြိမ်းခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်မှုကြောင့် ၁၀ ပေ ×၁၀ ပေ နံကပ် နှစ်ထပ် လုံး၊ ၁၀ ပေ × ၁၀ ပေ RC နှစ်ထပ်အတွင်းပစ္စည်း၊ ၂၀ ပေ ×၂၀ ပေ သွပ်မိုး ထရံကာနှစ်ထပ် လုံး၊ ၁၂ ပေ ×၃၅ ပေ နံကပ်နှစ်ထပ် ၁လုံး၊ ၂၀ ပေ ×၂၀ ပေ သွပ်မိုးထရံကာတစ်ထပ် ၂လုံး၊ ၂၀ ပေ ×၁၀ ပေ သွပ်မိုးထရံကာ နှစ်ထပ် အပေါ်ထပ် လုံး၊ ၂၀ ပေ ×၄၀ ပေ သွပ်မိုးထရံကာ နှစ်ထပ် လုံး၊ ၂၅ ပေ ×၂၅ ပေ သွပ်မိုးထရံကာ နှစ်ထပ် လုံး၊ ၁၀ ပေ ×၁၅ ပေ သွပ်မိုးထရံကာတစ်ထပ် လုံး၊ ၁၅ ပေ×၃ဝပေသွပ်မိုး ထရံကာတစ်ထပ် လုံး၊ ၁၅ ပေ ×၃၀ ပေ သွပ်မိုးထရံကာနှစ်ထပ် လုံး၊ ၁၅ ပေ ×၃၅ ပေ နံကပ်နှစ်ထပ်အပေါ်ထပ် လုံး၊ ၁၂ ပေ ×၂၅ ပေ သွပ်မိုးထရံကာနှစ်ထပ်၂လုံး၊ ၁၅ ပေ ×၂၀ ပေ  သွပ်မိုးထရံကာနှစ်ထပ် လုံး၊ ၁၅ ပေ ×၁၅ ပေ သွပ်မိုးထရံကာ နှစ်ထပ် လုံး၊ ၁၀ ပေ ×၄၀ ပေ သွပ်မိုးထရံကာနှစ်ထပ် လုံး၊ ၂၀ ပေ×၂၅ ပေသွပ်မိုးထရံကာနှစ်ထပ် လုံး၊ ၁၂ ပေ ×၂၀ ပေ ကျောက်ပြားကာ သွပ်မိုး နှစ်ထပ် လုံး၊ ၃၀ ပေ×၃၀ ပေထရံကာသွပ်မိုးနှစ်ထပ် အပေါ်ထပ် လုံး၊ ၁၀ ပေ ×၂၀ ပေနံကပ်နှစ် ထပ်အပေါ်ထပ် လုံး၊ ၂၀ ပေ×၂၀ ပေသွပ်မိုးထရံကာ အပေါ်ထပ်နှစ်ထပ် လုံး၊ ၃၀ ပေ×၃၀ ပေသွပ်မိုးထရံကာနှစ်ထပ် ၁လုံး၊ ၃၈ ပေ×၂၈ ပေသွပ်မိုးထရံကာ နှစ်ထပ် လုံး၊ ၂၀ ပေ×၃၀ ပေနံကပ်နှစ်ထပ် လုံး၊၁၅ပေ × ၁၅ ပေ သွပ်မိုးထရံကာတစ်ထပ် လုံး၊ ၂၀ ပေ × ၃၀ ပေသွပ်မိုး ထရံကာနှစ်ထပ် အပေါ်ထပ် လုံး၊ ၂ဝပေ × ၁၀ ပေနံကပ်နှစ်ထပ်အပေါ်ထပ် လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုကြောင့် လူနေအိမ်စုစုပေါင်း ၃၆ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး အတွင်းပစ္စည်းများလည်း ဆုံးရှုံးခဲ့ကြောင်း၊ မီးဘေးသင့်သည့် အိမ်ထောင်စု ၄၅ စု၊ လူဦးရေ အမျိုးသား ၈၉ ဦး၊ အမျိုးသမီး ၉၈ ဦး စုစုပေါင်း ၁၈၇ ဦးတို့ကို ဒေါ်ဖီဓမ္မာရုံတွင် ယာယီထားရှိကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး မီးစလောင်သည့် နေအိမ်မှ အသက် ၇၁ နှစ်အရွယ်အမျိုးသားအား အမှတ် နယ်မြေရဲစခန်းမှ (ပ)-၄၁ / ၂၀၂၄ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

 

Most Read

Most Recent