မြဝတီမြို့ကို စစ်မဲ့ဇုန်သတ်မှတ်ပေးရန် မေတ္တာရပ်ခံကြောင်း စစ်ဘေးရှောင်များက ဆန္ဒထုတ်ဖော်တောင်းဆို

မြဝတီမြို့ကို စစ်မဲ့ဇုန်သတ်မှတ်ပေးရန် မေတ္တာရပ်ခံကြောင်း စစ်ဘေးရှောင်များက ဆန္ဒထုတ်ဖော်တောင်းဆို
Published 10 April 2024

မြန်မာ-ထိုင်းနယ်စပ်မြဝတီ မြို့အား စစ်မဲ့ဇုန်သတ်မှတ်ပေးရန်အတွက် မြဝတီ မြို့တွင် လာရောက်စစ်ဘေးရှောင်နေသော အခြားမြို့များမီ စစ်ဘေးရှောင်ပြည်သူများနှင့် မြဝတီမြို့ဒေသခံများပါဝင်သည့် အင်အား ၅၀၀ ကျော်က ဧပြီ ၉ ရက် ညနေပိုင်းက မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်း၌ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

မြဝတီမြို့မြောက်ဘက် စစ်ဗျူဟာနှင့်တပ်စခန်းများတည်ရှိရာ သဃ်န်းညီနောင် ပတ်ဝန်းကျင်တွင် မတ်လ ၇ ရက်မှစတင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ပြည်သူ ၃၀၀၀ ကျော်သည်စစ် ဘေးလွတ်ရာ မြဝတီ မြို့၌ လာရောက်ခိုလှုံနေကြရခြင်းဖြစ်သည်။

နှစ်ဘက်တိုက်ပွဲကြောင့် မြဝတီမြို့ရှိစစ်ရှောင်းစခန်း၂၀ နီးပါးတွင် ကော့ကရိတ်၊သဃ်န်းညီနောင်၊ မဲ့ပလဲ့၊ဝှေ့ရှမ်း၊ရွှေမြစန္ဒီ၊မဲကနယ် တို့မှ စစ်ဘေးရှောင်ပြည်သူများခိုလှုံနေရသည့် မြဝတီ မြို့တွင် နှစ်ဘက်တိုက်ပွဲဖြစ်ပွားလာပါက ထပ်မံ၍ ပြေးစရာနေရာနှင့် အစားအသောက် လှူဒါန်းမည့်သူများ မရှိသည့် အခြေအနေမျိုးရောက်ရှိမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောကြားသည်။

မြဝတီမြို့တွင်း၌ တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်ကြဖြင့်စစ်မဲ့ဇုန်သတ်မှတ်ပေးရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ် များဆုံးရှုံးကာ ဒုက္ခမရောက်စေရေး ငဲ့ညှာပေးရန်မေတ္တာရပ်ခံတောင်းဆို ကြခြင်းဖြစ်သည်ဟုဆိုသည်။

ကော့ကရိတ်မှမြဝတီမြို့သို့ စစ်ဘေးရှောင်လာသူအမျိုးသမီးတစ်ဦးက"ကျွန်မတို့ ကော့ ကရိတ်မြို့ပြာကျသွားပြီ။ နေစရာအိမ် လည်းမရှိတော့ဘူး။ ဒါကြောင့်မြဝတီ ကအမျိုးတွေဆီလာပြီးစစ်ဘေးရှောင် နေတာ။ အခုမြဝတီကလည်းကော့က ရိတ်၊သဃ်န်းညီနောင်တို့လိုထပ်ဖြစ် ဦးမယ်ဆိုရင် ကျွန်မတို့ပြေးစရာနေရာ မရှိတော့ဘူး။ ဒါကြောင့်စစ်ပွဲတွေမဖြစ်ကြဖို့ နှစ်ဘက်လုံးကိုမေတ္တာရပ်ခံတောင်းဆိုခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ဆန္ဒပြတာမဟုတ်ပါဘူး။ ပြည်သူတွေအားလုံးဒုက္ခမဖြစ်အောင်အသနားခံတာပါ"ဟုပြောကြားသည်။ မြဝတီမြို့တွင်ကော့ကရိတ်၊သဃ်န်း ညီနောင်၊ဝှေ့ရှမ်းနှင့်မဲ့ပလဲ့၊ရွှေမြစန္ဒီ ၊မဲကနယ် ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ သုံးထောင် ကျော် ရှိပြီး လက်ရှိအချိန်တွင် စားသောက်ရေးခက်ခဲလျှက်ရှိကြောင်း သိရသည်။

Most Read

Most Recent