အစ္စရေး၏အဆိုပြုချက်များကို ဟားမာ့စ်က စဉ်းစားနေပြီဖြစ်၍ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် မျှော်လင့်ချက်များ မြင့်တက်လာ

အစ္စရေး၏အဆိုပြုချက်များကို ဟားမာ့စ်က စဉ်းစားနေပြီဖြစ်၍ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးတို့အတွက် မျှော်လင့်ချက်များ မြင့်တက်လာ
ဟားမာ့စ်ပြန်ပေးဆွဲထားသော မာတန်ဇန်ဂေါ်ကာ၏မိခင်က ဓားစာခံများပြန်လည်လွတ်မြောက်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်တွင် ဆန္ဒပြတောင်းဆိုနေသည်ကို တွေ့ရစဉ်(Photo: AFP)
ဟားမာ့စ်ပြန်ပေးဆွဲထားသော မာတန်ဇန်ဂေါ်ကာ၏မိခင်က ဓားစာခံများပြန်လည်လွတ်မြောက်ရေးအတွက် ဖေဖော်ဝါရီ ၆ ရက်တွင် ဆန္ဒပြတောင်းဆိုနေသည်ကို တွေ့ရစဉ်(Photo: AFP)
Published 30 April 2024

အစ္စရေးနှင့်ဟားမာ့စ်တို့ ဂါဇာတွင်ဖြစ် ပွားနေသောစစ်ပွဲသည် အချိန်ခုနစ်လနီးပါးကြာမြင့်လာပြီးနောက် အပစ်အခတ်ရပ်စဲရေးနှင့် ဟားမာ့စ်ဖမ်းဆီးထားသောဓားစာခံများ လွတ်မြောက်ရေးတို့အတွက် ဧပြီ ၂၉ ရက် တွင် မျှော်လင့်ချက်များမြင့်တက်လာခဲ့သည်။

ကမ်းလှမ်းချက်ကို ဟားမာ့စ်ကလက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပါလက်စတိုင်းအကျဉ်းသား ထောင်ချီပြန်လွတ်လာ သည်ကို မြင်ရနိုင်သည်ဟု ပြောကြားခဲ့သည်။

ကိုင်ရိုမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးပြီးသွားပြီးနောက် ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်မှထွက်ခွာလာခဲ့ပြီးကာတာကို ပြန်လည်ရောက်ရှိလာခဲ့သည်။   ထင်မြင်ယူဆချက်များနှင့် အဆိုပြုချက်တို့ကို ဆွေးနွေးမည်ဟု ဟားမာ့စ်ကပြောကြားခဲ့ပြီး  တတ်နိုင်သမျှအမြန်ဆုံးအကြောင်းပြန်မည်ဟု ဆိုသည်။ ဟားမာ့စ်ဘက်က ယင်းသို့ပြောဆိုကြောင်း အမည်မဖော်လိုသူ ဟားမာ့စ်သတင်းအရင်းအမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဟားမာ့စ်ကိုယ်စားလှယ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကိုစာဖြင့်ရေးသားထားသော ပြန်ကြားချက်နှင့်အတူပြန်လာလိမ့်မည်ဟု အီဂျစ်ထောက်လှမ်းရေးဌာနများနှင့်ဆက်စပ်နေသော အယ်လ်ကာ ဟီရာသတင်းဌာနက ဖော်ပြခဲ့သည်။

အီဂျစ်၊ ကာတာ၊ အမေရိကန်ပြည်ထောင်စုတို့သည် အစ္စရေးနှင့်ဟားမာ့စ်တို့ကို ကြားဝင်ဖျန်ဖြေပေးရန် ကြိုးစားနေသည်မှာ လချီကြာမြင့်နေပြီဖြစ်သည်။ သို့ရာတွင်  လွန်ခဲ့သောရက်ပိုင်းတွင် သံတမန်ကိစ္စများ ဆောင်ရွက်နေခြင်းကြောင့် ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းမှုအသစ်များရှိလာပြီဟု ယူဆရသည့်အနေအထားဖြစ်လာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲတွင် တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုအတွင်း အစ္စရေးဓားစာခံ ၈၀ ကို အစ္စရေးအကျဉ်းထောင်များထဲတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသား ၂၄၀ နှင့်အလဲအလှယ် လုပ်ခဲ့သည်။

စစ်ပွဲကြောင့် ဂါဇာသည်အငတ်ဘေး ဆိုက်အံ့ဆဲဆဲအနေအထားဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသော အန်ဂျီအိုအဖွဲ့များက ပြောကြားသည်။

ဟားမာ့စ်ရှေ့မှောက်သို့ရောက်နေသောအဆိုပြုချက်သည် အစ္စရေးဘက်က အလွန့်အလွန်ရက်ရောထားသည့် အဆိုပြု ချက်ဖြစ်သည်ဟု ဆော်ဒီအာရေဗျမြို့တော် ရီးယာ့ဒ်တွင်ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ် အထူးအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

ဟားမာ့စ်အုပ်စုက လျင်မြန်စွာ ဆုံးဖြတ်ရန် ဘလင်ကင်က တိုက်တွန်းခဲ့သည်။

“သူတို့ဘက်က မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဂါဇာစစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းကို သတ္တမအကြိမ်ရောက်ရှိနေသည်။ ၎င်းသည် ရက်ပိုင်းအတွင်း အစ္စရေးကိုရောက်လာမည်ဟုအ မေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။                                    

Ref: AFP

 

 

Most Read

Most Recent