စစ်တပ်ကိုအင်အားဖြည့်ရန် ယူကရိန်းသမ္မတက အကျဉ်းသားများခေါ်ယူမည့် ဥပဒေကို လက်မှတ်ရေးထိုး

စစ်တပ်ကိုအင်အားဖြည့်ရန် ယူကရိန်းသမ္မတက အကျဉ်းသားများခေါ်ယူမည့် ဥပဒေကို လက်မှတ်ရေးထိုး
Published 21 May 2024

အင်အားပိုသာသည့်ရန်ဘက် ရုရှားနှင့် တိုက်နေရသည့် ယူကရိန်းစစ်တပ်အတွက် လူအင်အားလိုအပ်နေမှုသည် ပိုဆိုးလာသဖြင့် စစ်တပ်အင်အားကို ဖြည့်တင်းရန် အကျဉ်းသားအချို့ကို စစ်တပ်ထဲဝင်ရောက်ခွင့်ပြုမည့် ဥပဒေသစ်တစ်ရပ်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက လက်မှတ်ရေးထိုးပေးလိုက်သည်။

မကြာမီကလက်မှတ်ထိုး လိုက်သည့် အဆိုပါဥပဒေအရ အကျဉ်းသားများ စစ်တပ်သို့ဝင်ပါက ပြစ်ဒဏ်ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။အာဏာပိုင်များက ထိုသို့စုဆောင်းခြင်းဖြင့် စစ်သား ၂၀၀၀၀ ခန့်အထိ အများဆုံးရလာနိုင်သည်ဟု ခန့်မှန်းတွက်ထားသည်။စစ်မှုမထမ်းမနေရဥပဒေကို တိမ်းရှောင်ပါကလည်း ပြင်းထန်စွာအရေးယူရန် ထုတ်ပြန်ထားပြီး ထိုလူများကိုဒဏ်ငွေတိုးကောက်ရန်ပါ သမ္မတဇယ်လန်းစကီးက ညွှန် ကြားထားသည်။

သို့သော်လူနှစ်ဦးနှင့်အထက် ကြိုတင်ကြံစည်သတ်ဖြတ်ခဲ့သူ ၊ အဓမ္မပြုကျင့် မှုကျူးလွန်သူ ၊နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ပေးသူ စသည့်အကျဉ်းသားများကိုမူ စစ်ထဲသို့ခေါ်ယူမည် မဟုတ်ပေ။နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင်လျက်ရှိပြီး စစ်မှုထမ်းခွင့် အသက်အရွယ်ရှိသူ အမျိုးသားများကိုလည်း ရုရှားနှင့်တိုက်နေသည့် စစ်ပွဲတွင် နိုင်ငံဘက်မှ ကူမတိုက်ပေးမှုဖြင့် သံရုံးအကူအညီပေး ခြင်းလုပ်ငန်းများကို ယူကရိန်းက ဆိုင်းငံ့ထားသည်။

ယူကရိန်းတွင်အသက် ၂၅ နှစ်မှစတင် စစ်မှုထမ်းနိုင်ပြီး အသက် ၆၀ အထိ နောက်ဆုံးကန့်သတ်ထားသည်။               

Ref: Reuters

 

Most Read

Most Recent