ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)အတွင်း ကျေးရွာအတော်များများ သောက်သုံးရေအခက်အခဲများဖြစ်ပေါ်နေ

ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)အတွင်း ကျေးရွာအတော်များများ သောက်သုံးရေအခက်အခဲများဖြစ်ပေါ်နေ
Published 29 April 2024

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)အတွင်း ကျေးရွာအတော်များများ သောက်သုံးရေအခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံများ၊ သောက်သုံးရေ ပေးဝေလှူဒါန်းပေးနေကြသော အသင်းအဖွဲ့များထံမှ သိရသည်။

ချောင်းဆုံမြို့နယ်မအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်းက သောက်သုံးရေ ရှားပါးပြတ်လပ်မမှုနှင့်ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကော့မုပွန်ကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းင်းကဆက်လက်ပြီးရွာမှာက ရေတွင်းတွေလည်းရှိသလို အဝီစိတွင်းလည်းရှိတယ်။ ဒါပေမယ့် ရေကို ကြိုချက်လိုက်တာနဲ့ အဝါရောင်ပြောင်းသွားတယ်။ အဲ့ဒီတော့ ရေချိုး၊ အဝတ်လျှော်အတွက်ဘဲ အသုံးပြုလိုရတယ်။ အဓိကက သောက်ရေနဲ့ ထမင်းဟင်းချက်ပြုတ်ဖို့အတွက်ကို ရေကလိုအပ်နေတာပါ ဟု ပြောကြားသည်။

ချောင်းဆုံမြို့နယ်အတွင်းက ကော့မုပွန်၊ ဇီးကုန်း၊ ခရိုက်နှီးဟု၊ သာယာကုန်း၊ ကမာမို၊ နတ်မှော် အစရှိသည့်  ကျေးရွာများအတွင်း သောက်သုံးရေလိုအပ်ချက်များရှိနေကြောင်းနှင့် သောက်သုံးရေဝယ်သုံးစွဲ၍ မရသည့် ကျေးရွာများအား ဦးစားပေးနေဖြင့် လိုက်လံလှူဒါန်းပေးနေကြောင်းချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲ မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)အတွင်း သောက်သုံးရေလိုအပ်ချက်များရှိနေသည့် ကျေးရွာများအား ချောင်းဆုံမြို့နယ်မီးသတ်ဦးစီးဌာန၊ ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲ နှင့် ချောင်းဆုံဒေသခံ ပရဟိတအသင်းအဖွဲ့များက လိုက်လံလှူဒါန်းပေးနေသည့်အပြင် မော်လမြိုင်မြို့မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း သောက်သုံးရေးများ သွားရောက်လှူဒါန်းပေးနေကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်တွေမှာက စစ်ဘေးရှောင်ပြည်သူတွေလည်း ရှိနေကြတော့ သောက်သုံးရေလိုအပ်ချက်တွေက ရှိနေတယ်။ အဲ့ဒီအတွက် သောက်သုံးရေတွေကို သွားရောက် နှစ်ရက်တစ်ကြိမ်လောက်ပုံမှန်သွားလှူပေးနေကြပါတယ်ဟု မော်လမြိုင်မြို့ခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ် နွေရာသီ၌ ရာသီဥတုပူပြင်းခြောက်သွေ့သည့်အတွက်ကြောင့် ချောင်းဆုံမြို့နယ် အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနီးပါးတယ် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

■Photo Credit - ချောင်းဆုံမြို့နယ် ကြက်ခြေနီအသင်းခွဲ

Most Read

Most Recent