ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှမြို့များ လုံးဝမပါဝင်တော့ကြောင်း သိရ

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှမြို့များ လုံးဝမပါဝင်တော့ကြောင်း သိရ
Published 4 May 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့များ စာရင်းတွင် မြန်မာနိုင်ငံမှမြို့များ လုံးဝမပါဝင်တော့ကြောင်း မိုးလေဝသသတင်းများ ဖော်ပြလျက်ရှိသည့် Eldorado weather ၌ ဖော်ပြထားချက်အရ သိရသည်။

မေ ၄ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထား သည့်စာရင်းအရ ယခင်က ထိပ်ဆုံးနေရာများ တွင်ရှိနေခဲ့သည့် မြန်မာနိုင်ငံမှ မြို့အချို့မှာ ပါဝင်ခြင်းမရှိတော့သည်ကို တွေ့ရသည်။

ထိပ်ဆုံးတွင်ရှိနေသည့်မြို့များမှာ အာရှတိုက်မှ အိန္ဒိယ၊ အိုမန်နှင့် အာဖရိကတိုက်မှ ချက်ဒ်၊ နိုက်ဂျာ၊ တောင်အာဖရိက၊ အယ်လ်ဂျီး ရီးယားနိုင်ငံတို့မှဖြစ်ကြောင်း သိရသည်။

ဧပြီလ တစ်လလုံးနီးပါးတွင် ကမ္ဘာ့အပူ ဆုံးမြို့များစာရင်း၌ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ထိပ်ဆုံး သုံးနေရာ၌ ရှိခဲ့သည်။

ဧပြီ ၃၀ ရက်က ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ သုံးမြို့ ပါဝင်နေပြီး ချောက်မြို့မှာ ၄၆ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ၂ နေရာတွင် ရှိခဲ့သည်။

ဧပြီ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် ထုတ် ပြန်ထားသည့်စာရင်းတွင် မကွေးတိုင်းဒေသ ကြီး ချောက်မြို့မှာ နံပါတ် ၂ နေရာတွင်ရှိနေပြီး အခြားမြို့မှာ မကွေးနှင့် မန္တလေးမြို့များဖြစ် ကြောင်း သိရသည်။

မကွေးမြို့မှာ ၄၄ ဒသမ ၈ ဒီဂရီစင်တီ ဂရိတ်ဖြင့် အဆင့် ၁၁ နေရာတွင်လည်းကောင်း၊ မန္တလေးမြို့မှာ ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ဖြင့် အဆင့် ၁၄ နေရာများတွင်လည်းကောင်း တည်ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ဧပြီလအတွင်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိသည့် မြို့ တစ်မြို့လည်းဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန၏ ဧပြီ ၂၉ ရက်ထုတ်ပြန်ချက်တွင်လည်း ဧပြီ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ထူးခြားသည့် နေ့အပူချိန်များ ဖြစ်ပေါ်ခဲ့သည့် မြို့များတွင် ချောက်မြို့လည်း ပါဝင်ခဲ့သည်။

ထူးခြားသည့်နေ့အပူချိန်များမှာ ချောက် မြို့တွင် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မကွေး မြို့တွင် ၄၆ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံ မြို့နှင့် ညောင်ဦးမြို့တို့တွင် ၄၆ ဒီဂရီဆဲလ်စီး ယပ်စီ၊ မြင်းမူမြို့တွင် ၄၅ ဒသမ ၆ ဒီဂရီဆဲလ် စီးယပ်၊ စစ်ကိုင်းမြို့၊ တံတားဦး (လေကြောင်း မိုးလေဝသ) နှင့် မင်းဘူးမြို့တို့တွင် ၄၅ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့တွင် ၄၅ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်နှင့် တောင်တွင်းကြီး မြို့တွင် ၄၅ ဒီဂရီဆဲလ်စီးယပ်တို့ဖြစ်ကြသည် ဟု မိုးဇလက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ ဧပြီလ တတိယပတ်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အ ထက် နေ့အပူချိန် ပိုနိုင်ကြောင်း ထုတ်ပြန်ခဲ့ သည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူ ချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ကချင်၊ ချင်း၊ ရခိုင်နှင့် ကရင်ပြည်နယ် တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလကုန်ပိုင်းများတွင် စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် ပျမ်းမျှ အမြင့်ဆုံးအပူချိန်ထက် ၈ ဒီဂရီဖာရင်ဟိုက် အထိ ပိုမိုပူပြင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။

အလားတူ ဧပြီလအတွင်း အပူချိန်စံချိန် ချိုးခဲ့သည့် မြို့ခုနစ်မြို့ရှိပြီး ချောက်မြို့နှင့် ညောင်ဦးမြို့များမှာ တစ်လအတွင်းမှာပင် အပူချိန်စံချိန်သစ်များကို ဆက်တိုက်တင်ရှိခဲ့ ခြင်းဖြစ်သည်။

Most Read

Most Recent