မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်  စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့်  စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်
Published 24 April 2024

 

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ် လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေး ရုံး (UNOCHA) က ထုတ်ပြန်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်သည့် အာရှနှင့်ပစိဖိတ်ဒေသ - အပတ်စဉ် လူသား ချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်း ချုပ်အစီရင်ခံစာတွင် ယင်းအချက်ကို ဖော်ပြ ထားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော အခြားစစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုများသည် ပြီးခဲ့တဲ့နှစ် အတွင်း စိုးရိမ်ဖွယ်အဆင့်ရောက်လာခဲ့ပြီး အရပ်သားများအတွက် ဆိုးရွားသည့် အ သက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာ ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှု များ သိသိသာသာမြင့်တက်ခဲ့ပြီး တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၀၅၂ ဦးထိရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UNOCHA အနေဖြင့် မှတ်တမ်းများ စတင်ထားရှိကတည်းက အမြင့်ဆုံးဖြစ်သည့် ၂၀၂၂ ခုနှစ် ထိခိုက်သေဆုံးသူအရေအတွက် ၃၉ဝနှင့် နှိုင်းယှဉ်လျှင် ၂၇၀ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးမြင့်လာခြင်းလည်း ဖြစ် ကြောင်း UNOCHA က ဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေရပ်စွန့်ခွာသူဦးရေ အများဆုံးရှိသည့် စစ် ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက်သေဆုံးမှု အများဆုံး ၃၅ ရာခိုင်နှုန်းဖြစ်ပြီး ရှမ်းပြည် နယ်တွင် ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသ ကြီးတွင် ကိုးရာခိုင်နှုန်း ရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံး သူများအနက် ကလေးသူငယ်များ၏ ထိခိုက် သေဆုံးနှုန်းမှာ လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်း နီးပါး) ရှိကြောင်း UNOCHA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခြေအနေသည် မြေမြှပ်မိုင်း ကြောင့် ထိခိုက်နစ်နာလွယ်သူများအပေါ်တွင် ဝန်နှင့်အား မမျှတသည့် သက်ရောက်မှုများ ရှိနေသည်ကို မီးမောင်းထိုးပြနေကြောင်း UNOCHA က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်၍ နေပြည်တော်ကလွဲပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် မြေမြှပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွေအရ သိရှိရသည်ဟု UNOCHA က ထုတ်ပြန်သည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးထံ ယခုကဲ့သို့ လက်နက်အ သုံးပြုမှုများကို ရပ်တန့်ရန်နှင့် အထူးသဖြင့် အရပ်သားပြည်သူများ နေထိုင်သောနေရာ များတွင် မလုပ်ဆောင်ကြရန် ပန်ကြားအပ် ကြောင်း UNOCHA က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွက် အရှိန်အ ဟုန်နှင့် မျိုးဆက်ပေါင်းစုံ အကျပ်အတည်း ဖြစ်ပွားလာနေသည်ကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကူညီထောက်ပံ့မှုများ အပူတပြင်း လိုအပ်နေကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။