၀င်ဘလေမှာ All-German Final ကို မြင်တွေ့ ရမလား

၀င်ဘလေမှာ All-German Final ကို မြင်တွေ့ ရမလား
Photo : UEFA
Photo : UEFA
Published 6 May 2024
Wai Yan Aung

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာချိန်မှာ ပွဲစဉ်လမ်းကြောင်းအရ စပိန်ကလပ်နှစ်သင်း ဗိုလ်လုရမယ့် All-Spanish Final  ဖြစ်လာမလားဆိုတာနဲ့ ဂျာမန်ကလပ်နှစ်သင်း ဗိုလ်လုရမယ့် All-German Final ဖြစ်လာမလားဆိုတာ ပရိသတ်တချို့က မျှော်လင့်ခဲ့ကြပါတယ်။ အင်္ဂလန်ကလပ်နှစ်သင်းက လမ်းကြောင်းတစ်ဖက်တည်းမှာ ကျရောက်ခဲ့တာကြောင့် All-English Final ဖြစ်လာဖို့တော့ မျှော်လင့်ချက်မရှိခဲ့ပါဘူး။ အင်္ဂလန်ကလပ်နှစ်သင်းက ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမဲ့လည်း ကွာတားဖိုင် နယ်အဆင့်မှာပဲ ခရီးဆုံးခဲ့ပါတယ်။ စပိန်ကလပ်တွေကလည်း ကွာတားဖိုင်နယ်အဆင့်ကို (၃)သင်း အထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်ကိုတော့ ရီးယဲလ်မက်ဒရစ်တစ်သင်းသာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ်နှစ်သင်းက ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိလာခဲ့ရုံသာမက ပထမအကျော့မှာလည်း ကျေနပ်လောက်တဲ့ရလဒ်တွေ ရရှိခဲ့တာကြောင့် All-German Final ကို ဆက်ပြီး မျှော်လင့်ခွင့်ရှိနေပါတယ်။

 

Most Read

Most Recent