■ ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ကစားသမား(၂၆)ဦး ရွေးချယ်ခွင့်ပြုရန် ဆောက်ဂိတ် အလိုရှိ

■ ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ကစားသမား(၂၆)ဦး ရွေးချယ်ခွင့်ပြုရန် ဆောက်ဂိတ် အလိုရှိ
Photo: Getty Images
Photo: Getty Images
Published 29 March 2024

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် လာမည့် ယူရို -၂၀၂၄ ပြိုင်ပွဲ၌ ကစားသမား(၂၆)ဦး ရွေးချယ်ခွင့်ပြုရန် အလိုရှိနေပြီး အခြားပြိုင်ပွဲဝင်အသင်းနည်းပြများနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ တွန်းအားပေးထားကြောင်း သိရသည်။

ပုံမှန်အားဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ကစားသမား(၂၃)ဦးသာ ရွေးချယ်ခွင့်ပြုသော်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ ကိုဗစ်ကပ်ရောဂါကြောင့် ကစားသမား(၂၆)ဦးအထိ ရွေးချယ်ခွင့်ပြုခဲ့သည်။  

ဆောက်ဂိတ်က ကစားသမားများ၏ ဒဏ်ရာပြဿနာကြောင့် ကစားသမားအရေအတွက်ကို တိုးမြှင့်ရွေးချယ်ခွင့်ပြုရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ဆောက်ဂိတ်သည် အဆိုပါတောင်းဆိုမှုကို ခွင့်ပြု၊ မပြု မသိရသေးသော်လည်း ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်း ပဏာမလူစာရင်း ရွေးချယ်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆောက်ဂိတ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးပြီး (၂)ရက်အကြာ၌ အင်္ဂလန်လက်ရွေးစင်ပဏာမလူစာရင်းကို ရွေးချယ်သွားမည်ဖြစ်ပြီး ဇွန်(၇)မှသာ အပြီးသတ်လူစာရင်းကို ရွေးချယ်သွားမည်ဟု သိရသည်။