အီတလီစီးရီးအေပွဲစဉ် (၃၆)  ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၆)  ပွဲကြိုသုံးသပ်ချက်
Published 12 May 2024

လာဇီယို - အမ်ပိုလီ (တနင်္ဂနွေည ၅း၀၀ နာရီ)

လာဇီယိုက အမ်ပိုလီနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၁၀)ပွဲမှာ (၈)ပွဲအထိအနိုင်ရပြီး ရှုံးပွဲလည်း မရှိခဲ့ဘူး။ ရာသီပိတ် ခါနီးမှာ လာဇီယိုရဲ့ ကစားပုံက သိသိသာသာပိုကောင်းလာတယ်။ အမ်ပိုလီက တန်းဆင်းအန္တရာယ်ရှိဆဲ အသင်းဖြစ်ပေမဲ့ လာဇီယို ကို ကြိုက်တယ်။

ဂျီနိုအာ - ဆာဆူအိုလို (တနင်္ဂနွေည ရး၃၀ နာရီ)

ဂျီနိုအာက အထက်မရောက်၊ အောက်မရောက်အသင်း ဖြစ်ပေမဲ့ နောက်ဆုံးပွဲမှာ အေစီမီလန်ကို ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ရမှတ်လိုအပ်ချက်ပိုများတဲ့ ဆာဆူအိုလိုဘက်က ရပ် တည်သင့်တယ်။

ဗီရိုနာ - တိုရီနို (တနင်္ဂနွေည ရး၃၀ နာရီ)

ဗီရိုနာက ဒီပွဲနိုင်တာနဲ့ အခြေအနေ တော်တော်လေး ကောင်းသွားမယ်။ တိုရီနိုက သရေပွဲတွေများနေပြီး နောက်ဆုံး (၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့တယ်။ ဗီရိုနာ အနိုင်ကစား သွားဖို့များတယ်။

ဂျူဗင်တပ်စ် - ဆလာနီတာနာ (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဂျူဗင်တပ်စ်က စီးရီးအေနောက်ဆုံး (၄)ပွဲဆက် သရေကျ ခဲ့ပြီး အဆင့်(၃)နေရာအတွက်ပါ ဖိအားဝင်လာခဲ့တယ်။ တန်း ဆင်းသွားပြီဖြစ်တဲ့ ဆလာနီတာနာဆီမှာတော့ ဘာမှမျှော်လင့် လို့ရမှာ မဟုတ်ဘူး။ ဂျူဗင်တပ်စ် အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်က စားလိမ့်မယ်။

အတ္တလန်တာ - ရိုးမား (တနင်္လာနံနက် ၁း၁၅ နာရီ)

စီးရီးအေက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို (၅)သင်းဝင်ခွင့်ရမှာဖြစ်တာကြောင့် ဒီပွဲက (၂)သင်းစလုံးအတွက် အ ရမ်းအရေးပါနေတယ်။ အတ္တလန်တာက ပွဲကျန်ရှိသေးတဲ့အပြင် ဒီပွဲကိုလည်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ရိုးမားထက် အား သာချက်ပိုရှိတယ်လို့ ဆိုရမယ်။ ဒီရော့ဆီနဲ့ ရိုးမားအတွက်တော့ အရမ်းအရေးပါနေတယ်။ ဒီပွဲရှုံးတာနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ဝင် ခွင့်မျှော်လင့်ချက် အဆုံးသတ်သွားလိမ့်မယ်။ (၂)သင်းစလုံး ယူရိုပါလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်ပေမဲ့ ခြေကုန်ထုတ်လာမယ့် ရိုးမားကို ရွေးချယ်ချင်တယ်။