စပိန်လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 May 2024

ကာဒစ်ဇ် - ဂီတာဖေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ကာဒစ်ဇ်ကတော့ နောက်ဆုံးလက်ကျန်မျှော်လင့်ချက် လေးနဲ့ ဖွင့်ကစားရမယ့်အချိန်ရောက်နေပါပြီ။ အိမ်ကွင်းအားနဲ့ အစွမ်းကုန်ရုန်းလာမယ့်အိမ်ရှင်ကာဒစ်ဇ်ကို ဂီတာဖေးဘယ်လို ရင်ဆိုင်မလဲစောင့်ကြည့်ရမှာပါ။ ကာဒစ်ဇ်နဲ့ဂိုးအနည်းပါပဲ။

အက်သလက်တီကို - ဆယ်လ်တာဗီဂို (တနင်္ဂနွေည ၈း၄၅ နာရီ)

အက်သလက်တီကိုကလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေ ရာသေချာအောင် အမှတ်ရှာရဦးမယ်။ ဆယ်လ်တာဗီဂိုကလည်း တန်းဆင်းအန္တရာယ်စက်ကွင်းထဲမှာရှိနေသေးပြီး နည်းပြပြောင်း ထားလည်း အဝေးကွင်းခြေစွမ်းအားနည်းမှုကတော့ မပြောင်းလဲ သေးပါဘူး။ အထူးသဖြင့်ခံစစ်ကစားပုံကလည်း စိတ်မချရဆဲဆို တော့ အိမ်ကွင်းဆိုတိုက်စစ်အစွမ်းပြပြီး ဂိုးတွေပါပိုရတတ်တဲ့ အက်သလက်တီကိုကို တားဆီးနိုင်မယ့်ပုံမပေါ်ပါဘူး။ အက်သ လက်တီကိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဗလင်စီယာ - ဗယ်လက်ကာနို (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ရာသီသိမ်းခါနီးမှ ဗလင်စီယာကစားပုံပြန်လျော့သွားသလိုပါပဲ။ နောက်ဆုံး (၃)ပွဲစလုံးလည်းရှုံးထားခဲ့တယ်။ ဗယ်လက် ကာနိုကလည်း တန်းဆင်းဇုန်စိတ်ချရအောင် ဒီပွဲမှာရုန်းကန် လာဦးမှာပါ။  ဂိုးနည်းသရေပွဲဖြစ်လာဖို့ ပိုနီးစပ်နေတယ်။

ဘက်တစ် - အယ်မယ်ရီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ဥရောပဝင်ခွင့်တစ်နေရာအတွက် အမှတ်ရှာရဦးမယ့် ဘက်တစ်ရဲ့ အိမ်ကွင်းအားကိုတော့ တန်းဆင်းသွားတဲ့ အယ်မယ် ရီယာအသင်းတောင့်ခံနိုင်မယ်မထင်ပါဘူး။ ဘက်တစ်နဲ့ဂိုးအ များပဲရွေးထားရမယ့်ပွဲလို့ ထင်တယ်။

 

Most Read

Most Recent