ပြင်သစ်လီဂူးပွဲစဉ် (၃၂) (ပွဲကျန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက်

ပြင်သစ်လီဂူးပွဲစဉ် (၃၂) (ပွဲကျန်ပွဲစဉ်) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 15 May 2024

နိုက်စ် - PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ချန်ပီယံဖြစ်ပြီးသား PSG အသင်း အမှတ်မလိုတော့လို့ အိမ်ရှင်အနေနဲ့ မျှော်လင့်ချက်ရှိနေတယ်။ ဘာပေကလည်း ရာသီကုန်မှာ အသင်းက ထွက်တော့မယ်လို့ ကြေညာထားပြီ ဖြစ်လို့ PSG နည်းပြ အန်နရီကေးအနေနဲ့ ဘာပေ မပါတော့တဲ့ အသင်းကို တည်ဆောက်ဖို့ လက်ကျန်ပွဲတွေမှာ အဓိကထား ပြင်ဆင်လိမ့်မယ်။ ဒါကြောင့် ရလဒ်ပိုင်းထက် ကစားသမားပိုင်း စမ်းသပ်မှုပဲ ပိုအာရုံစိုက်မယ်ထင်တယ်။ ဒါပေမဲ့ အမှတ်ပေးပွဲ (၂၆)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုတော့ PSG အသင်း ဆက် ထိန်းဖို့ ကြိုးစားကစားဖို့များတယ်။ နိုက်စ်အသင်း မရှုံးမှာတော့ သေချာတယ်။

Reims - မာဆေးလ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ အ သင်းနှစ်သင်း တွေ့ဆုံကြတာပါ။ မာဆေးလ်အသင်းကတော့ ဒီပွဲအနိုင်ကစားထားမှ ဥရောပဝင်ခွင့်မျှော်လင့်ချက် ဆက်ရှင် သန်နိုင်မယ်။ Reims အသင်းကတော့ နောက်ပိုင်းမှာ ရလဒ် တွေ တောက်လျှောက်ဆိုးနေသလို၊ ဥရောပဝင်ခွင့်လည်း မရ နိုင်တော့ပါဘူး။ အဝေးကွင်းဖြစ်ပေမဲ့ မာဆေးလ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent