ရန်ကုန်မြို့၌ကျင်းပမည့်  မြန်မာ-ဂျပန် ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကွင်းဝင်ကြေး သတ်မှတ်

ရန်ကုန်မြို့၌ကျင်းပမည့်  မြန်မာ-ဂျပန် ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကွင်းဝင်ကြေး သတ်မှတ်
Photo: Kyodo News
Photo: Kyodo News
Published 22 May 2024

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဇွန် ၆ ရက်တွင် ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့်ခြေစစ်ပွဲအတွက် အုပ်စုပွဲဖြစ်သည့် မြန်မာအသင်းနှင့် ဂျပန်အသင်းပွဲအတွက် ကွင်းဝင်ကြေးများ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

MFF သည် မြန်မာ-ဂျပန်ပွဲအတွက် ကွင်းဝင်ကြေးများအဖြစ် အထူးတန်း ကျပ် ငါးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင် သတ်မှတ်ထားသည်။ MFF သည် မြန်မာအသင်း နှင့် ဂျပန်အသင်းပွဲကို ဇွန် ၆ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

MFF သည် ယင်းခြေစစ်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်းလည်းသိရသည်။ 

မြန်မာအသင်း နှင့် ဂျပန်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဆင့်တွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်လည်း ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည်။

Most Read

Most Recent