ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် မန်ယူအသင်းနည်းပြ တန်ဟက်ဂ် ထိပ်ဆုံးသို့ရောက်ရှိလာ

ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် မန်ယူအသင်းနည်းပြ တန်ဟက်ဂ် ထိပ်ဆုံးသို့ရောက်ရှိလာ
Photo: AFP
Photo: AFP
Published 4 September 2024

 

၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ထိပ်ဆုံးရောက်လာကြောင်း သိရသည်။

တန်ဟက်ဂ်သည် ရာသီအဖွင့် သုံးပွဲစလုံး အရေးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်နေသည့် အဲဗာတန်အသင်းနည်းပြ ရှောင်ဒက်ကို ကျော်တက်သွားပြီး နံပါတ်တစ်နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။ ဗြိတိန် နာမည်ကြီးလောင်းကစားကုမ္ပဏီ William Hill ၏အလေးပေးချက်တွင် တန်ဟက်ဂ်က ၉း၄ လေးဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိသည်။  

ရှောင်ဒိုက်က ၅း၂ လေးဖြင့် တန်ဟက်ဂ်နှင့် အလေးပေးချက် သိပ်မကွာဘဲရှိနေကြောင်း သိရသည်။ တတိယနေရာတွင် ချယ်လ်ဆီး အသင်းနည်းပြ မာရက်စကာက ၈း၁ လေး ဖြင့် ရှိနေပြီး ယင်းနောက်တွင် လက်စတာအသင်းနည်းပြ စတိဗ်ကူးပါးက ၉း၁ လေး၊ ဆောက်သမ်တန်အသင်းနည်းပြ ရပ်ဆဲလ်မာ တင်က ၁၂း၁ လေး၊ ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြ ဂလက်စနာက ၁၄း၁ လေး၊ နယူးကာ ဆယ်အသင်းနည်းပြ အက်ဒီဟောင်း၊ ဝုလ်ဗ် အသင်းနည်းပြ ဂယ်ရီအိုနေးလ်နှင့် ဝက်စ်ဟမ်းအသင်းနည်းပြ လိုပယ်တယ်ဟီတို့က  ၁၆း၁ လေးစီ၊ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားနှင့် စပါးအသင်းနည်းပြ ပိုစတီကိုဂလူးတို့က ၁၈း၁ လေးစီဖြင့် အသီးသီးရှိနေကြသည်။ 

အခြားလောင်းကစားကုမ္ပဏီ အချို့ တွင် တန်ဟက်ဂ်နှင့် ရှောင်ဒိုက်ကို ထိပ်ဆုံး၌ ကြေးတူပေးထားမှုများလည်း ရှိနေကြောင်း သိရသည်။ အသင်းမှ အစောဆုံးထုတ်ပယ်ခံရနိုင်သည့် ရေပန်းစားမှုတွင် အာဆင်နယ် အသင်းနည်းပြ အာတီတာက အလေးပေး ချက် ၈ဝး၁ လေးဖြင့် နောက်ဆုံးတွင်ရှိနေကြောင်း သိရသည်။ ယခုရာသီတွင် နည်းပြတစ်ဦးမျှ အထုတ်မခံရနိုင်သည့် အလေးပေးချက်မှာမူ ၂၅ဝး၁ လေး ရှိနေသည်။

မန်ယူအသင်းနည်းပြ တန်ဟက်ဂ်အနေဖြင့် ရာသီအဖွင့် သုံးပွဲတွင် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး နှင့် သုံးမှတ်သာ ရရှိထားသော်လည်း အသင်းတာဝန်ရှိသူများက ဆက်လက်ထောက်ခံထားဆဲဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီကုန်က ပရီးမီးယားလိဂ်တွင် အဆင့်ရှစ်နေရာသာ ရခဲ့သဖြင့် ရာထူးမှထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း FA ဖလား ရယူနိုင်ခြင်းကြောင့်သာ ဆက်ရှိနေခြင်းဖြစ်ပြီး သူ၏စာချုပ်သစ်မှာ ၂၀၂၆ အထိနှင့် တစ်နှစ်သက်တမ်းတိုးခွင့် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent