လူသန်ကြီးလူကာကူရဲ့ မခံချင်စိတ်မီးတောင်

လူသန်ကြီးလူကာကူရဲ့ မခံချင်စိတ်မီးတောင်
Photos: X
Photos: X
Published 4 September 2024
AK

လူကာကူကို ကယ်တင်ခဲ့တာ ဆရာဟောင်း မော်ရင်ဟိုပါပဲ။ ရောမမှာ ဂုဏ်သိက္ခာနန်းတော်  ပြန်လည်တည်ထောင်ခဲ့သူ မော်ရင်ဟိုဟာ လူကာ ကူကို ကရုဏာသက်ခဲ့တယ်။ "သားကြီး၊ ငါ့ဆီလာခဲ့၊ အချိုးပြေအောင်တော့နေ"ဆိုပြီး လူကာကူကို မော်ရင်ဟို ပြောခဲ့ပါလိမ့်မယ်။ ရောမမှာ မော်ရင်ဟို နန်းကျတော့လူကာကူရဲ့ ရှင်သန်ခွင့်လည်း သံချေးတက်ခဲ့ပြန်တယ်။ ကြံ့ခိုင်မှုမပြည့်တဲ့ပြဿနာကြောင့် လူကာကူ ရုန်းကန်ခဲ့ရပြန်တယ်။ ဒီတစ်ကြိမ်ဒီတစ်နွေမှာလည်း လူကာကူအတွက် ခိုလှုံစရာအရိပ် ရှားပါးခဲ့တယ်။ ကစားသမားစုဆောင်းရေးတပ် ချယ်လ်ဆီးမှာ လူကာကူအတွက်တစ်နေရာစာ မရှိခဲ့ဘူး။ လူကာကူဟာ သူ့ကိုဘယ်သူယုံကြည်လေမလဲ မျှော်ရင်းအိပ်မက်ဆိုးတွေ ထွန်ယက်ခဲ့ရတယ်။ လူကာကူကို အိပ်မက်ဆိုးထဲကလှုပ်နှိုးခဲ့တာ ဆရာဟောင်းကွန်တီပါ။ စီးရီးအေမှာ အောင်ပွဲ ယဉ်ကျေးမှု တည်ထောင်နိုင်ခဲ့သူ Serieal Winner ကွန်တီက လူကာကူကို ယုံကြည်ပေးခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ်လူကာကူအတွက် နာပိုလီ ပေါင်သန်း ၃၀ သုံးစွဲခဲ့ပါတယ်။ မန်ယူ၊ ချယ်လ်ဆီးအသင်းတွေကို ပြောင်းခဲ့တုန်းကလည်း မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ ဂုဏ်တင့်ခဲ့သူ လူကာကူအတွက် နာပိုလီပေးတဲ့ကြေးကမနည်းပါဘူး။ 

 

Most Read

Most Recent