ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုအသင်းက အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၂၅-၂၆ ဘောလုံးရာသီ အဆုံးသတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပြီး ကစားသမားသစ်အများအပြား အားဖြည့်သွားဖွယ်ရှိတဲ့ အရိပ်အယောင်ပြသနေပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နယူးကာဆယ်အသင်းက အင်္ဂလန်တောင်ပံကစားသမား ဂေါ်ဒွန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထွက်ခဲ့ပြီးနောက် အခုအခါ အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက အယ်လ်ဗာရက်ဇ်ကို ယူရိုသန်း ၁၀၀ ဝန်းကျင်နဲ့ စတင်ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်ပြီး အယ်လ်ဗာရက်ဇ်ကလည်း ဘာစီလိုနာအသင်းမှာ ကစားဖို့ ဆန္ဒရှိနေတာကြာင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေ ကြောင်း သိရပါတယ်။
အယ်လ်ဗာရက်ဇ်ကို အာဆင်နယ်နဲ့ PSG အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အက်သလက်တီကိုအသင်းကတော့ ဘယ်အသင်းရဲ့ကမ်းလှမ်းမှုမှ မရရှိသေးသလို၊ ဘယ်လိုဆွေးနွေးမှုမှလည်း မရှိသေးကြောင်း ကြေညာခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ်အတွက် ယူရိုသန်း ၁၅၀ အောက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားမှာမဟုတ်ကြောင်းလည်း သတင်းထွက်နေပါတယ်။















